
ရီးရဲလ်ဘက်တစ်အသင်းဟာ ကွင်းလယ်လူ ဆီဘယ်လိုစ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ လစာကန့်သတ်ချက်တွေကြောင့် အသက် ၂၀ အရွယ် အကယ်ဒမီထွက် တောင်ပံကစားသမား ပက်ဘလိုဂါစီယာကို ရာဆင်းဆန်တန်ဒါအသင်းဆီ ရောင်းထုတ်လိုက်ပါတယ်။
အသက် ၆ နှစ်တည်းက ဘက်တစ်မှာ ကြီးပြင်းလာခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမား ဂါစီယာဟာ ကလပ်အသင်းကနေ ထွက်ခွာချိန်မှာ မျက်ရည်မဆယ်နိုင်အောင် ငိုကြွေးခဲ့တာပါ။
ဘက်တစ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဆီဘယ်လိုစ်ကို ၃ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ ငွေကြေးအလျှင်အမြန် လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အနာဂတ်ဝေဖန်မှုတွေ ထွက်ပေါ်နေပေမဲ့ ဂါစီယာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဂါစီယာကတော့ အနာဂတ်မှာ ဘက်တစ်အသင်းဆီ ပြန်လာချင်ကြောင်း ဝမ်းနည်းစွာ ပြောပါတယ်။











