DVB Logo
Home
မြန်မာသတင်း
ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၁၉၀ ၀င်ရောက်
DVB
·
May 6, 2013
Donate to DVB

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ရဲ့အစ ဧပြီ ၁ လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော် ၀င်ရောက်ခဲ့တယ်လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ စားသောက်ကုန်နဲ့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီဝင်ရောက်မှုဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း အခု ဘဏ္ဍာနှစ်ရဲ့ အစောဆုံးလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။

မနှစ်က ဧပြီလတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိပ်မရှိခဲ့ဘဲ ဇွန်လကုန်လောက်ကျမှ ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီနှစ်ဧပြီလ ၁ လအတွင်း ၀င်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မနှစ်က ဘဏ္ဍာနှစ် ၁ ခုလုံး ၀င်ရောက်မှုရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်
ဒေါ်လာ ၁ ဒဿမ၄ ဘီလီယံကျော် ၀င်ရောက်မှုရှိခဲ့ပါတယ်။

လတ်တလောကာလမှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂ ဒဿမ ၃ ဘီလီယံကျော် ရှိတဲ့အနက် ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၄၅ ဒဿမ ၆ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ ဒဿမ ၂ ဘီလီယံကျော်ဟာ စွမ်းအင်ကဏ္ဍမှာဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှာတော့ ၃၄ ဒဿမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၄ ဒဿမ ၃ ဘီလီယံကျော် ရှိနေပါတယ်။

ဒါပေမယ့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၅ ဒဿမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒဿမ၃ ဘီလီယံကျော်သာ ရှိသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013