DVB Logo
Home
မြန်မာသတင်း
အပူချိန်မြင့်မားမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
DVB
·
May 6, 2013
အပူချိန်မြင့်မားမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
1 / 2
Donate to DVB

အပူချိန် မြင့်မားမှုကြောင့် ရန်ကုန်မြို့က မွေးမြူရေးခြံတွေမှာ တိရစ္ဆာန်တွေ အသေအပျောက် ဆုံးရှူံးမှုတွေ ဖြစ်နေတဲ့အတွက် မွေးမြူရေးလုပ်ကိုင်သူတွေ အရှုံးနဲ့ ကြုံတွေ့နေရတယ်လို့ ကြက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက ပြောပါတယ်။

“အသားတိုးကြက်ရဲ့ သဘောတရားက ၂၉ ဒီဂရီစင်တီဂရိတ်မှာ နေလို့အကောင်းဆုံး။ အခုက ၃၈ တို့ ၄၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်လာတော့ ခြားနားချက် အရမ်းများသွားတော့၊ အသားတိုးကြက်ရဲ့ သဘာဝက ကြက်တွေရဲ့ မူလ ဒီဂရီပင်သည်လျှင် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ရှိတယ်။ သူက အစာ စားတာများလေ ခန္ဓာကိုယ်က အပူချိန်ပိုထွက်တယ်။ အဲတော့ အပြင်က ရာသီဥတုလည်း ပူလာတော့ ဦးနှောက်သွေးကြောပြတ်သေတာ။ အပူချိန်များလာတော့ အစာ မစားနိုင်ဘူး။ အသက်ရှူလမ်းကြောင်းရောဂါဖြစ်တယ်။ ဒါပေမယ့် ဒါက စားသုံးသူကိုတော့ ထိခိုက်မှုမရှိပါဘူး။ ကူးတဲ့ရောဂါမဟုတ်ပါဘူး။”

အများစုသေဆုံးတဲ့ တိရစ္ဆာန်တွေကတော့ ကြက်၊ ဘဲနဲ့ ငါးတွေ များနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မခံနိုင်ဘဲ မွေးမြူရေးခြံတွေမှာ ၆၀ ရာခိုင်နှုန်းလောက် အသေအပျောက်ဖြစ်နေပါတယ်။
ငါးမွေးကန်တွေမှာလည်း ငါးတွေသေဆုံးမှုဟာ အရင်နှစ်တွေထက် ပိုများလာပြီး မွေးမြူရေးသမားတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေမယ့် အသေအပျောက် များနေတယ်လို့ ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

“ဖြစ်တာ ၃ ပတ်ကာလလောက်ပဲရှိသေးတော့ အတိအကျတော့ မသိရသေးဘူး။ အသေအပျောက်က တချို့များတယ်၊ တချို့လည်း နည်းတယ်။ ငါးတွေမွေးထားတော့ အပူသက်သာအောင်ဆိုပြီး ဗေဒါလိုဟာမျိုးတွေကို စောင်အုပ်ပြီး ရေထဲထည့်ထားမယ်ဆိုရင် ငါးတွေ အရိပ်အာဝါသရပြီး အပူသက်သာမယ်။ နောက် အုန်းလက်ချထားပေးတာမျိုးဆိုလည်း အရိပ်ရတာပေါ့” လို့ ဆိုပါတယ်။

မိုးဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ အပူချိန်ဟာ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိတယ်လို့ သိရပြီး လက်ရှိမိုးကြိုကာလဖြစ်လို့ လူတွေခံစားရတာ ၅၂ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်တာကြောင့် လူတွေသတိထားကြဖို့ နှိုးဆော်ပါတယ်။

“ပူတာက တခြားအကြောင်းကြောင့် ပူတာပါ။ ရန်ကုန်မှာ သာမန်အားဖြင့် အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိပါတယ်။ ဒါဟာ ပူတဲ့အဆင့်ဖြစ်ပေမယ့် လွန်လွန်ကဲကဲဖြစ်တဲ့ အဆင့်တော့ မဟုတ်ပါဘူး။ တကယ်ပူရင် ၄၀ ကျော်ရမယ်လေ။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာ မိုးကြိုကာလဖြစ်တော့ လေငွေ့မှာ ရေငွေ့တွေက တိုးတိုးလာတယ်။ လေငွေ့မှာ ရေငွေ့တိုးလာလေ၊ အပူချိန်မြင့်မြင့်နဲ့ ရေငွေ့များများနဲ့ ဆိုရင် လူတွေအပေါ် ခံစားရတဲ့ အပူချိန်ရှိတယ်။ ခံစားရတဲ့အပူချိန်ဆိုတာဟာ Air Temperature ရယ်၊ ရေငွေ့ အပူချိန် ၂ ခုပေါင်းလိုက်ရင်၊ ကျနော်တို့ပြောတဲ့ အပူချိန်ဟာ ၃၈ ဆိုပေမယ့် လူခံစားရတာက ၅၂-၅၄ လောက်ရှိတယ်။ ဒါဟာ အန္တရာယ်အလွန်ကြီးပါတယ်။”

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁ ထက်ကျော်ရင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အခုအခါ ရန်ကုန်မြို့ရဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ၁၂ ကျော်နေပြီး လာမယ့် မေ ၈ ရက်နေ့မှာ ၁၃ ခွဲလောက်ထိ တက်လာမှာဖြစ်လို့ အန္တရာယ်ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်နေတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013