DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် လုပ်ငန်းလည်ပတ်ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင်စစ်ဆေး
DVB
·
May 30, 2020
စစ်ကိုင်းတိုင်းတွင် လုပ်ငန်းလည်ပတ်ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင်စစ်ဆေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း လုပ်ငန်းလည်ပတ်ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ရရှိတဲ့စာရင်းတွေအရ စက်ရုံ အလုပ်ရုံပေါင်း ၂၃၉၅ ခု၊ အလုပ်ဌာန ၄၄၈၆ ခု ရှိပါတယ်။ 

စက်ရုံ အလုပ်ရုံတွေကို စီးပွားရေးအရ၊ အလုပ်အကိုင်အခွင့်အလမ်းတွေအရ ဧပြီ ၂၇ ရက်နေ့ကနေ စတင်ကာ ပြန်လည်စိစစ်ခွင့်ပြုပေးခဲ့ပြီး မေ ၂၈ ရက်နေ့ထိ ၁ လတာ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း ၅၆၆ ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ 

အဲဒီထဲက စက်ရုံတချို့ကို ကျန်းမာရေးအရ သတ်မှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု ရှိ၊ မရှိကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူတို့ ဦးဆောင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်နေတာပါ။

လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက “သတ်မှတ်ထားတဲ့အတိုင်း လိုက်နာတဲ့ စက်ရုံတွေရှိသလို တချို့အနည်းအကျဉ်း လျော့ရဲနေတာမျိုးလည်း တွေ့ရပါတယ်။ လိုက်နာမှု အားနည်းနေတာတွေကိုတော့ သတိပေးပြီး ဆက်ပြီးလိုက်နာပေးဖို့ ဆောင်ရွက်ပေးဖို့ လမ်းညွှန်ပါတယ်။ ဒါက ဒုတိယအဆင့်အနေနဲ့ပါ။ အကယ်လို့ ကြီးကြီးမားမား လမ်းညွှန်မှုပေးရမယ်ဆိုလို့ရှိရင် ခံဝန်လက်မှတ်ထိုးသတိပေးမယ်။ ဆက်ပြီးဖောက်ဖျက်နေရင် နောက်တကြိမ်သွားစစ်လို့ မလိုက်နာရင် ပိတ်သိမ်းတဲ့အထိ အရေးယူဖို့ စီစဉ်ထားပါတယ်။ အဓိကက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှု မရှိရင် ပြန့်ပွားလာမယ့် အနေအထားကို အဓိကက ကာကွယ်ချင်တာဖြစ်တဲ့အတွက် လောလောဆယ်မှာ စည်းရုံး သိမ်းသွင်းရင်းနဲ့ပဲ စက်ရုံတွေ လည်ပတ်ခွင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရောဂါလက္ခဏာ တွေ့လာရမယ်၊ ရောဂါပြန့်ပွားမှုတွေရှိလာမယ် ဆိုရင်တော့ မဖြစ်မနေ ပိတ်သိမ်းတဲ့ အဆင့်ထိ ရောက်အောင် အရေးယူသွားဖို့ အစီအစဉ်ရှိပါတယ်။”

စက်ရုံတွေကို စစ်ဆေးတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်တဲ့ A အဆင့်စက်ရုံတွေကို ချက်ချင်းဖွင့်ခွင့်ပေးသလို လိုက်နာဖို့ လိုအပ်တဲ့အချက်တွေကို ထပ်မံဖြည့်စွက်ပြီး B အဆင့်ဖွင့်ခွင့်ပေးတဲ့ စက်ရုံတွေလည်းရှိပြီး လိုက်နာမှု မရှိလို့ လုံးဝ ဖွင့်ခွင့်မပေးတဲ့ စက်ရုံတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

စက်ရုံ၊ အလုပ်ရုံတွေအများဆုံးက စက်မှုဇုန်တွေရှိတဲ့ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့နယ်တွေက ဒေသတွေက အများဆုံးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့ရှိ တိုင်းရင်းဆေးထုတ်တဲ့ စက်ရုံတွေ၊ ကြာဆံစက်တွေကို စစ်ဆေးထားပြီး နောက်ထပ်လည်း ကျန်တဲ့မြို့တွေမှာ စစ်ဆေးဦးမှာဖြစ်ကာ ရှောင်တခင် စစ်မှာ ဖြစ်လို့ အချိန်နေရာတွေကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ 



အများစုက လိုက်နာဆောင်ရွက်ကြတဲ့အတွက်လည်း ဝမ်းသာရသလို သူတို့ဘက်က လိုက်နာဆောင်ရွက်မှု အားကောင်းလေ နိုင်ငံတော်ကလည်း ဒီရောဂါကို ထိန်းချုပ်နိုင်မှု အားကောင်းလေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ဖွင့်ခွင့်ပေးပြီး စက်ရုံတွေထဲမှာ ၆ ရုံလောက်ကို စည်းမျဉ်းစည်းကမ်း လိုက်နာဖို့ နှုတ်နဲ့ သတိပေးထားတာ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013