DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မိုးအောင်ရင်၏ အမှုပြင်ဆင်ချက် ခရိုင်တရားရုံးပလပ် 
DVB
·
May 29, 2020
သရုပ်ဆောင်မိုးအောင်ရင်၏ အမှုပြင်ဆင်ချက် ခရိုင်တရားရုံးပလပ် 
Donate to DVB

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုပြင်ဆင်ချက်ကို  ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့မှာ ပလပ်လိုက်ပါတယ်။ 

လင်မယားကဲ့သို့ ပေါင်းသင်းနေထိုင်ပြီး တရားဝင်လက်ထပ်မယ်လို့ ယုံကြည်စေကာ  ကာမကို လိမ်လည်ရယူခြင်း ဟုတ်မဟုတ်ဖြေ ရှင်းရန် အချက်ရှိတာကြောင့် မူလတရားရုံးရဲ့စွဲချက်ကို အတည်ပြုပြီး ပြင်ဆင်ချက်ကို ပလပ်ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို သူ့ရဲ့ရည်းစားဟောင်းက ၂၀၁၉  နိုင်ဝင်ဘာ ၂၂ ရက်က  ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့  ဦးတိုက်လျောက်ထားတရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်မှာ တရားရုံးက ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့ပါတယ်။  

ဒီအမှုကို ရန်ကင်းမြို့နယ်တရားရုံးက  နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှုအရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးရမှာဖြစ်ပါတယ်။ 

သရုပ်ဆောင်မိုးအောင်ရင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ အမှုမှာ  မည်သူမဆို ကာမလိမ်လည်မှု ကျူးလွန်ပါ ကထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013