DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဓမ္မရံသီကျောင်းက နိုင်ငံခြားပြန် ၂၅၅ ယောက်  ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ 
DVB
·
May 29, 2020
ရန်ကုန်ဓမ္မရံသီကျောင်းက နိုင်ငံခြားပြန် ၂၅၅ ယောက်  ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ 
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူမြို့နယ်ရှိ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်မှာ  Quarantine ဝင်နေတဲ့ နိုင်ငံခြားပြန် ၂၅၅ ယောက်လုံးကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ကြောင်း ကျောင်းတိုက်တာဝန်ခံ ဆရာတော် ဦးဇောတိဿရက ဒီဗွီဘီကို မိန့်ပါတယ်။ 

သူတို့အနေနဲ့ ရန်ကုန်၊ မန္တလေးအပြင် အနယ်နယ်အရပ်ရပ်ကိုပြန်ရမှာဖြစ်ပြီး  သူတို့နေအိမ်မှာ Home Quarantine တစ်ပတ်ဆက်နေရမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ အိမ်ရောက်တဲ့အခါ ကျန်းမာရေးဌာနဲ့ လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျနေထိုင်ဖို့ အရေးကြီးကြောင်း ဆရာတော်က မိန့်ပါတယ်။ 

Quarantine Centre အဖြစ်ဖွင့်လှစ်ထားတဲ့ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကို မေလ ၉ ရက်နေ့က ကိုးရီးယားကပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၀၂ယောက်၊ အဲနေ့မှာဘဲ စင်ကာပူက ပြန်လာတဲ့ ၆၈ ယောက်အပြင် မေလ ၁၃ ရက်နေ့ကကလည်း  စင်္ကာပူကပြန်လာတဲ့ ၈၅ ယောက် စုစုပေါင်း ၂၅၅ယောက်ရှိပါတယ်။

သူတို့အားလုံးကိုမေလ မေလ ၁၉ ရက်နေ့က တစ်ကြိမ် မေလ ၂၇ ရက်နေ့ကတစ်ကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာက နှစ်ကြိမ်လုံးပိုးမတွေ့ခဲ့ပါဘူး။ 

နိုင်ငံခြားပြန် ၂၅၅ ယောက်အနေနဲ့ မေလ ၃၀ ရက်နေ့နဲ့ မေလ ၃ရက်နေ့တွေမှာ သူတို့ နေရပ်အသီးသီးကို ပြန်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013