DVB Logo
Home
မြန်မာသတင်း
စင်ကာပူပြန် ပထမဆုံးအသုတ် ၁၄၀ကျော် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့သဖြင့် နေရပ်ပြန်
DVB
·
May 29, 2020
စင်ကာပူပြန် ပထမဆုံးအသုတ် ၁၄၀ကျော် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့သဖြင့် နေရပ်ပြန်
1 / 5
Donate to DVB

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်ကာပူနိုင်ငံကနေ ပထမအသုတ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄၄ ယောက်ကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့လို့ သူတို့နေရပ်တွေကို ဒီနေ့မနက်က စပြန်နေပြီဖြစ်ပါတယ်။

စင်ကာပူပြန် ၁၄၄ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်သည် ၄၄ ယောက်အပါအဝင် ကျောင်းသူ/ကျောင်းသားတွေ၊ အလုပ်သမားတွေ ပါဝင်ပြီး သူတို့ကို ပုလဲမြို့သစ်က မြရွှေပင်သဒ္ဓမ္မသုခရိပ်သာမှာ ၂၁ ရက် Quarantine ထားပြီးနောက် မေလ ၁၇ ရက်နေ့ကတစ်ကြိမ်၊ မေလ ၁၅ ရက်နေ့ကတစ်ကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်လုံး Negative ပြခဲ့တာပါ။

စင်ကာပူပြန် ၁၄၄ ယောက်ဟာ သူတို့နေထိုင်ရာ အနယ်နယ်အရပ်ရပ်ကို ပြန်ရမှာဖြစ်ပြီး မေလ ၂၈ရက်နေ့မှာ Quarantine ၂၁ရက်ပြည့်ပြီးနောက် ဒီနေ့မနက်ပိုင်းကစပြီး သူတို့နေရပ်တွေကို အဝေးပြေးကားဂိတ်တွေ၊ လေဆိပ်တွေကတဆင့် ပြန်ကြမှာဖြစ်ပါတယ်။

သူတို့နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ ရက် ပြည့်မြောက်ကြောင်း လက်မှတ်ကို လည်းထုတ်ပေးထားကြောင်း သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013