DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
May 6, 2013
သမ္မတနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီ ၁၈ ပါတီက တာဝန်ရှိသူတွေနဲ့ နေပြည်တော်က သူ့ရဲ့ လယ်တော အိမ်ရာမှာ မနေ့ မနက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့   ပါတီ ၁၈ ပါတီက ခေါင်းဆောင်တွေ မနက် ၁၀ ကျော်လောက်မှာ တွေ့ဆုံကြတာ ဖြစ်ပြီး  သမ္မတ ဦးသိန်းစိန်က အစိုးရ အဖွဲ့ ၂ နှစ်တာကာလ လုပ်ဆောင်ချက်တွေကို ရှင်းပြခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေက ပြောပါ တယ်။

[caption id="attachment_39100" align="alignright" width="300" caption="Photo_ Hla Maung Shwe FB"][/caption]

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကိုယ်စားတက်ရောက်ခဲ့တဲ့ ပါတီအတွင်းရေးမှူးချုပ်   ဒေါ်သန်းသန်းနုက  “သမ္မတကြီးကနေ သူတို့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်နေတာတွေ ရှင်းပြတယ်။ ၂ နှစ် ကာလအတွင်း သူတာဝန်ယူတဲ့အချိန်ကစပြီး အချိန်အားဖြင့် နုနယ်သေးတယ်။ အခက်အခဲတွေက အင်မတန်ကြီးမားတယ်။ သမ္မတယောက်ထဲအနေနဲ့ရော၊ အစိုးရအဖွဲ့အနေနဲ့ရော ဒီကိစ္စတွေ အောင်မြင်အောင် ဆောင်ရွက်လို့မဖြစ်ဘူး။ နိုင်ငံရေးပါတီတွေရော၊ ငြိမ်းချမ်းရေးကိုယ်စားပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ တိုင်းရင်းသားအဖွဲ့တွေရော၊ အမျိုးသားစီးပွားအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေရော၊ တပ်မတော်နဲ့ပြည်သူပါ လက်တွဲဆောင်ရွက်ပေးဖို့ ကမ်းလှမ်းတယ်၊ ပြောပြပါတယ်” လို့ ဆိုပါတယ်။

အမျိုးသားရေး မျှော်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံတော်သစ်တခု တည်ဆောက်ဖို့ သမ္မတ က ဆန္ဒရှိနေပြီး  နိုင်ငံသားအားလုံး တန်းတူ ပါဝင်ခွင့်ရှိတဲ့ အားလုံး ပါဝင်တဲ့ လူအဖွဲ့အစည်းတရပ် ဖွဲ့စည်းနိုင်ဖို့ ရည်မှန်းထားတဲ့အကြောင်းနဲ့ လုပ်ကိုင်ရာမှာ လိုအပ်ချက်နဲ့ အားနည်းချက်တွေကို နိုင်ငံရေးပါတီတွေက ကူညီဖို့ သမ္မတက ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံရေးပါတီတခုချင်းစီက ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအကြောင်းနဲ့  တိုင်းပြည်မှာ ဖြစ်နေတဲ့ အထက်နဲ့ အောက်ခြေအကြား ကွာဟချက်တွေအကြောင်းကို ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အခုတွေ့ဆုံမှုဟာ နိုင်ငံရေးပါတီတွေနဲ့ သမ္မတအကြား ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီကခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013