DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဇွန်လ ၁ ရက်ကစတင်  ဖြေလျှော့ပေးမည် 
DVB
·
May 28, 2020
ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဇွန်လ ၁ ရက်ကစတင်  ဖြေလျှော့ပေးမည် 
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် မေလ ၃၁ ရက်နေ့အထိ ချမှတ်ထားတဲ့ သတ်မှတ်ချက်တချို့ကို ဇွန်လ ၁ ရက်နေ့က စပြီး ဖြေလျှော့ ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဒီကနေ့ ညနေမှာ ရေးသားပြီး ပြောကြားလိုက်တာဖြစ်ပြီး ဖြေလျှော့ပေးမယ့် စည်းကမ်းသတ်မှတ်ချက်တွေ အသေးစိတ်ကိုတော့ ထုတ်ဖော်ရေးသားတာ မရှိသေးပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်က “သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ် နိုင်ရေးကိုဦးတည်ပါတယ်။ ဒီကိစ္စမှာသာမက၊ အခြားကိစ္စအဝဝမှာပါ ပြည်သူတွေရဲ့စိုးရိမ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေအမြဲစိတ်ထဲမှာရှိနေပါတယ်။ အကောင်းဆုံးအဖြေကို အမြဲရှာနေပါတယ်။ အကောင်းဆုံးအဖြေ ရနိုင်ဖို့က ပြည်သူတွေရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာကိုတော့ ထပ်လောင်းပြောချင်ပါတယ်။” လို့ ပြောပါတယ်။ 

အခုဖြေလျှော့ပေးမှုတွေဟာ စည်းကမ်းလိုက်နာခြင်းအားဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဖေးမပေးခြင်းရဲ့အကျိုးဖြစ်တာကြောင့်  ကိုဗစ်-၁၉ ရောဂါကို အနိုင်ရရေးအတွက် စည်းကမ်းထိန်း၊ သိမ်းခြင်းအားဖြင့် ဆက်ပြီး ကူညီကြပါလို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ဒီကနေ့ မေလ ၂၈ ရက်မနက်အထိ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၂၀၆  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၆ ဦး ရှိသွားပြီ လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013