DVB Logo
Home
နိုင်ငံတကာ
ထိုင်းစစ်တပ်နှင့်မူးယစ်သယ်အဖွဲ့ပစ်ခတ်မှုဖြစ်ပြီး ၈ ဦးသေ၊ မူးယစ်ဆေး အများအပြား သိမ်းဆည်းရမိ
နန်းမြနဒီ
·
March 31, 2026
Source : Maesaipress 
Source : Maesaipress 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်ထဲမှာ မတ် ၂၉ ရက်က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေး သယ်ဆောင်အဖွဲ့တို့ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး မူးယစ်သယ်တဲ့အဖွဲ့ထဲက အလောင်း ၈ လောင်း နဲ့ စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ သန်း၊ အိုက်စ်ဆေးအလေးချိန် ၃၁၅ ကီလိုဂရမ် ဖမ်းမိတယ်လို့  မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ် ၂၉ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်က  ထိုင်စစ်တပ် အမှတ် ၃၂၀၇ ခြေလျင်တပ်ဖွဲ့ ၊ အမှတ် ၃  ကွန်မန်ဒိုတပ် နဲ့  အမှတ် ၄  ပြောက်ကျားတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ချင်းမိုင်ခရိုင် ဖန်မြို့နယ် ပုန်နမ့်ရွန့် ကျေးရွာအုပ်စုတွင်း လုံခြုံရေးကင်းလှည့်စဉ် တောလမ်းဘက်ကနေ ဝင်ရောက်လာတဲ့ လူ ၁၀ ယောက်ခန့်ကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးဖို့  ရပ်မိန့်ပေးရာမှာ တဘက်က သေနတ်နဲ့ စတင်ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်ခဲ့ကြတယ်၊ သေနတ်သံငြိမ်သွားတော့ စစ်တပ်ဘက်က အဆိုပါနေရာကို ထိန်းချုပ် ထားတယ်။ မတ် ၃၀ ရက် မနက် ၆ နာရီ မိုးစင်စင်လင်းတော့မှ အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးတာမှာ  အလောင်း ၆ လောင်းကို ပြောင်းရှည်သေနတ် ၁ လက်၊ ရေဒီယိုစကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုံး ၆ လုံးနဲ့  တလုံးလျှင် စိတ်ကြွဆေး ၁၀၀,၀၀၀ ပါ အိတ် ၁၀ လုံး စုစုပေါင်း စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

အလားတူ မတ် ၂၉ ရက် တနေ့တည်း အဆိုပါ ဖန်မြို့နယ်ထဲမှာ စစ်တပ် နဲ့ မူးယစ်ဆေးသယ်အဖွဲ့  ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်သယ်အဖွဲ့က အလောင်း ၂ လောင်း နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၃၁၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

အမှတ် ၄ ကွန်မန်ဒိုတပ်၊ ချိုင်းယာနုဖတ်စစ်ကြောင်းနဲ့ မြို့မတပ်ရင်းက ပူးပေါင်းအဖွဲ့ဟာ မြန်မာနယ်စပ်နဲ့ ၃ ကီလိုမီတာအကွာ ဖန်မြို့နယ် မွမ့်ပင်အုပ်စု နောင်ဖိုင်ကျေးရွာအနီး လုံခြုံရေးယူနေစဉ် မသင်္ကာဘွယ် လူ ၁၅ မှ အယောက် ၂၀ ခန့် တောင်စောင်းဘက်က ဆင်းလာတယ်။ တာဝန်ရှိသူဘက်က စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာ တဘက်က စတင်ပစ်ခတ်လာတာကြောင့် နှစ်ဘက်  ၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်၊ အသံတွေ ငြိမ်သက်သွားတော့ ထိုင်းစစ်တပ်ဘက်က နှစ်ဖွဲ့ခွဲပြီး အဆိုပါနေရာတဝိုက် ထိန်းချုပ်ထားပါတယ်။ 

မတ် ၃၀ ရက် မနက်မိုးလင်းတော့ အဆိုပါနေရာကို ဝင်ရောက်နယ်မြေရှင်းလင်းစဉ် အလောင်း ၂ လောင်းနဲ့ ကျောပိုးအိတ်အသွင်ပြောင်း ဆာလာအိတ် ၁၈ လုံးထဲကနေ အိုက်စ်မူးယစ်ဆေး အလေးချိန် စုစုပေါင်း ၃၁၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိတာလို့  သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းမြောက်ပိုင်းဒေသ နဲ့  မြောက်ဘက်ကလာတဲ့ ကားထဲ မူးယစ်ဆေးဝါးဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာမှာ မတ် ၃၀ ရက် မနက် ၈ နာရီခွဲကလည်း ထိုင်းမြောက်ပိုင်း နခွန်းဆဝမ်မြို့နယ် စစ်ဆေးရေးဂိတ်ကို ဖြတ်လာတဲ့ ကားတစီးပေါ်ကနေ အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၆,၁၃၀,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

ယာဉ်မောင်းမှာ အသက် ၃၉ နှစ်ရွယ်ရှိ နိုင်းဆန်းဆိုသူ မယ်ဟောင်ဆောင်ဇာတိ လီဆူတိုင်းရင်းသားတယောက်ဖြစ်ပြီး ဟိုင်းလပ်စ်ကားပေါ်မှာ ငှက်ပျောတုံးတွေအပြည့် တင်ဆောင်လာတာပါ။ 

တာဝန်ရှိသူတွေက သူ့ကားကို အိတ်စ်ရေးစက်တဲ ဖြတ်မောင်းစေရာမှာတော့ မသင်္ကာဘွယ် အိတ်တွေပါတွေ့ရှိပြီး အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

ယာဉ်မောင်းသူကတော့ သူဟာ အဆိုပါငှက်ပျောပင်ပေါက်တွေကို ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်က‌နေ အငှားသယ်ဆောင်ပေးခဲ့တာလို့  ပြောပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကို ရဲစခန်းခေါ်ဆောင်ပြီး အသေးစိတ်ဆက်လက်စစ်ကြောနေတယ်လို့  မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013