DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့က ပရဟိတလုပ်နေသူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
May 28, 2020
ကျောက်ဖြူမြို့က ပရဟိတလုပ်နေသူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ ပရဟိတလုပ်ကိုင်နေသူ ဦးကျော်အေးသန်းကို မေလ ၂၇ ရက် နေ့လယ်ပိုင်းက တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောက်တလုံးအနီးရှိ အဝေးပြေး ကုန်ကားတွေ ရပ်တန့်ထားတဲ့နေရာအနီးကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဖမ်းခံရတဲ့ ဦးကျော်အေးသန်းဟာ အဝေးပြေးမော်တော်ယာဉ်လိုင်းမှာ လက်ရှိ ဥက္ကဋ္ဌ တာဝန် ယူထားသူတစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့ပေါ်ရှိ ပရဟိတလုပ်ငန်းတွေလည်း ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှာလည်း ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်ပြီး မနေ့နေ့လည်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် တချို့ဖမ်းဆီးသွားတာကို ကြားသိရတယ်လို့ အရပ်ဖက် ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးလှမျိုးကျော်မှ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့သိတာကတော့ ကိုကျော်အေးသန်းက ကားဂိတ်ထောင်တယ်။ သူက မြို့ပေါ်မှာဆိုရင်လည်း တခြားပရဟိတလုပ်ငန်းတွေမှာဆိုရင်လည်း လိုက်လံကူညီပေးနေသူ တစ်ဦးပေါ့။ သူမှာကိုယ်ပိုင်ကားလည်းရှိတယ်။ ဂိတ်မှာလည်းအဝေးပြေးအသင်းမှာ ဥက္ကဋ္ဌ လို့ သိတယ်။ မနက်ကတောင် CITIC ကလှူထားတဲ့ဆန်တွေကို ငလပွေ့ရပ်ကွက်သွားလှူတဲ့အချိန်မှာ သူကားကို အကူအညီတောင်းပြီးတော့ သူကားနဲ့ပဲသွားပြီးတော့ လှူလိုက်ကျသေးတယ်။ ပြီးတော့မှကိုယ့်အိမ် ကိုယ့်အိမ်ပြန်သွားကြတာပေါ့။ အဲဒါနေ့လည်လောက်မှာနေပြီးတော့ ကိုကျော်အေးသန်းကို တပ်နဲ့ရဲတွေပေါင်းပြီးတော့ ဖမ်းသွားတယ်ဆိုပြီး မြို့ပေါ်မှာပြောတဲ့အခါမှ သိရတယ်။”

ဦးကျော်အေးသန်းကို ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခဲ့တာမဟုတ်သလို နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာလည်း ရဲတပ်ဖွဲ့အနေနဲ့ သက်သေအဖြစ်သာ ပါဝင်ခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ရဲကတော့ မဖမ်းပါဘူး။ ဖမ်းတာကိုတော့ မသိဘူး၊ ဖမ်းမဖမ်းလည်း မသိဘူး။ သူ့အိမ်ကိုရှာတာတော့ ရှိတယ်။ ရှာတာကိုသက်သေအနေနဲ့ သွားကြည့်ပေးတာပဲရှိတယ်။ ကျန်တာ တော့ ဘာမှမသိဘူး၊ ဘာမှမဖွင့်ထားဘူး”လို့ ပြောပါတယ်။

ဦးကျော်အေးသန်းကို ဘာအတွက်ကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို မိသားစုဝင်တွေကလည်း မသိသလို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေတယ်ဆိုတာကိုလည်း မသိရလို့  မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်  အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေ ကြသူတွေမှာ မကြာခဏသံသယနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013