Home
မြန်မာသတင်း
ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများ စက်ရုပ်တွန်းလှည်း လှူဒါန်း
DVB
·
May 28, 2020
99424799_858543264630018_2405102903174889472_n
99350419_858543287963349_6096583171887857664_n
99284437_858543334630011_7652162503354351616_n
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ လူနာအမှတ် ၁၉၁ အတွက် လိုအပ်တာတွေ ပေးပို့နိုင်ဖို့အတွက် စက်ရုံတွန်းလှည်းကို ပုသိမ်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေက တီထွင်ခဲ့ပြီး ဆေးရုံကြီးမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစက်ရုံက ပုသိမ်နည်းပညာတက္ကသိုလ်က EC နှင့် Mechanical ဌာနက ပါမောက္ခဌာနမှူးနဲ့ ဆရာ ဆရာမတွေ၊ နောက်ဆုံးနှစ် ကျောင်းသားတွေဟာ ရောဂါ ပိုးတွေ့ရှိသူပေါ်ထွက်လာပြီးနောက်ပိုင်း စတင်စမ်းသပ်တီထွင်ခဲ့တာဖြစ်ပြီး ပုသိမ်ဆေးရုံကြီးကို မေလ ၂၇ ရက်နေ့ လာရောက်လှူဒါန်းခဲ့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သူ့ဖေ့စ်ဘွတ်ခ်စမျက်နှာမှာ ရေးသားထားပါတယ်။ "positive လူနာတွေကို ပစ္စည်းပို့၊ အစားအစာပို့ရာမှာ လူကိုယ်တိုင်သွားစရာမလို၊ စက်ရုပ်တွန်းလှည်းက သယ်ပေးတာကြောင့် ဆရာဝန် ဆရာမတွေ လူနာနှင့် ထိတွေ့မှု တအားကျဆင်းသွားပြီး ကူးစက်နိုင်ချေလည်း အဆပေါင်းများစွာ နည်းသွားမှာဖြစ်တယ်။" ပုသိမ်ပြည်သူ့ဆေးရုံကြီးကို လာရောက်လှူဒါန်းခဲ့တဲ့ စက်ရုပ်တွန်းလှည်းဟာ remote နဲ့ မောင်းနှင်နိုင်ပြီး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေက ရက်ပိုင်းအတွင်း တီထွင်ခဲ့ကြတာပါ။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ အသက် ၂၀ နှစ်အရွယ် အမျိုးသားဟာ ဖျားနာကိုက်ခဲတာမရှိဘဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ပုသိမ်မြို့ ပြည်သူဆေးရုံအုပ် ကြီးဖြစ်သူ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024