DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်တွင် ရဲတပ်ဖွဲ့အလိုရှိနေသည့် မူးယစ်ကုန်သည် ၁ ဦးကို ဖမ်းမိ
DVB
·
May 27, 2020
ပင်လည်ဘူးမြို့နယ်တွင် ရဲတပ်ဖွဲ့အလိုရှိနေသည့် မူးယစ်ကုန်သည် ၁ ဦးကို ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အထက်အောင်းကုန်းကျေးရွာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဒေသတွင်း မူးယစ်ကုန်သည်တစ်ဦးကို မူးယစ်တရားခံ တဦးရဲ့ ဖော်ထုတ်ချက်ကြောင့် မူးယစ်ဆေးဝါးတွေနဲ့အတူ  မေလ ၂၇ ရက်နေ့ မနက်အစောပိုင်းက နေအိမ်မှာ ဖမ်းဆီးရမိပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့တို့က  နေအိမ်တွင်း ပူးပေါင်းရှာဖွေရာမှာ မူးယစ်ကုန်သည် အသက် ၅၅ နှစ်အရွယ် သာမဲဆိုသူကို သူ့ရဲ့နေအိမ်မှာ   Speed အချိုရည်ဘူးခွံတွင်းထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၄ ဂရမ်၊ အဖြူရောင်ကော်ဘူးအတွင်းမှာ  ၀ ဒသမ ၅ ဂရမ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

ဒီအရင် မေလ ၂၆ ရက်နေ့က ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း၊ ပင်းသာကုန်းရာ မြောက်ဘက်မှာ မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့နဲ့ မူးယစ်တားအဖွဲ့တွေ စောင့်ဆိုင်းနေစဉ် ခေါက်စင်းရွာဖက်ကနေ ဓားရှည်လွယ်က ပီနံအိတ်လက်ကဆွဲပြီး လမ်းလျှောက်လာသူကို လုံးထွေးဖမ်းဆီး စစ်ဆေးရာမှာလည်း မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

နိုင်လင်းဦး (၂၆ နှစ်) ရဲ့ ပီနံအိတ်အတွင်း တိပ်ပတ်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့်ပါ ရောင်စုံဆပ်ပြာခွက် ၆၃ ခွက်၊ ဓားအိမ်ပါ ဓားရှည်တစ်လက်၊ ဖုန်းတစ်လုံးတို့ အပြင် နေအိမ်မှာ ဆက်လက်ရှာဖွေရာ ရောင်စုံဆပ်ပြာခွက် ၇ ခွက် စုစုပေါင်း ရောင်စုံဆပ်ပြာခွက် ၇၀ ခွက်၊ ဖြူဝါကြားအမှုန့် ၀ ဒသမ ၇ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၇၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နိုင်လင်းဦး (၂၆ နှစ်) ရဲ့ထွက်ဆိုချက်အရ ဒီမူးယစ်ဆေးဝါး တွေကို သာမဲဆိုသူရဲ့ ပစ္စည်းတွေဖြစ်ပြီး တခြားနေရာကို ပို့ဆောင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပင်လည်ဘူးမြို့မရဲစခန်းက  နိုင်လင်းဦးနဲ့ သာမဲ တို့ကို ဘိန်းဖြူ ၀ ဒသမ ၇ ကီလိုဂရမ် အတွက် မူးစိတ်ပုဒ်မ ၁၉(က)၊၂၂(ခ)၊၂၁ တို့နဲ့လည်းကောင်း၊ ဘိန်းဖြူ ၄ ဒသမ ၅ ဂရမ်အတွက် သာမဲကို မူးစိတ်ပုဒ်မ ၁၉(က)တို့နဲ့ အသီးသီးအမှု ဖွင့်အရေးယူထားပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ မနှစ်ကနဲ့စာရင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေက သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ မူးယစ်တား၊ ပြည်သူတွေပူးပေါင်းမှု ပိုပြီးအားကောင်းလာတယ်လို့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ခေါင်းဆောင် ကိုခင်ဇော်ဝင်းက ပြောပါတယ်။

"ဝန်ကြီးချုပ်၊ နယ်လုံ၊ အမေစုတို့လာပြီးနောက်ပိုင်း မူးယစ်ဆေးကိစ္စကို ဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းမှုက ပိုပြီးအားကောင်းလာတယ်။ အရင်ကနဲ့စာရင် အရေအတွက် နည်းပေမယ့် လက်သေးတွေထက် လက်ကြီးသမားတွေ ပိုပြီး ဖမ်းမိလာတယ်။ အခုဖမ်းမိတဲ့ သာမဲဆိုရင် သတင်းကြိုကြိုရလို့ တစ်ခါမှ လက်ပူးလက်ကြပ်မမိဘူး။ ဒါလုပ်စားနေတာ ဆယ်စုနှစ်ချီနေပြီ။ မူးယစ်ကိစ္စတော်တော်များများ သူနဲ့ ဆက်စပ်တယ်။ အခုမှပဲ လက်ပူးလက်ကြပ် ဖမ်းမိတော့တယ်။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပင်လည်ဘူးမြို့နယ်မှာ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းဖွင့်လှစ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းလည်း တပိုင်တနိုင်နဲ့ ဖြန့်နေတာ လက်ရှိအချိန်ထိ လူပေါင်း ၅၀ ဝန်းကျင်ရှိနေပြီး မူးယစ်ဆေးဖြတ်နေသူတွေလည်း ရှိနေပါတယ်။

ပင်လည်ဘူးမြို့နယ်က စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အများဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပြီး အခုနှစ်အတွင်း ၇၅ မှု ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013