DVB Logo
Home
မြန်မာသတင်း
တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့တပ်မတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလှူ
DVB
·
May 27, 2020
တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့တပ်မတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလှူ
Donate to DVB

ခွဲစိတ်ခန်းသုံး Mask အခုရေ တသိန်းအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆေးဘက်ဆိုင်ရာထောက်ပံ့ပစ္စည်းတွေကို တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့တပ်မတော် ကို လှူဒါန်းလိုက်ပါတယ်။

ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Kuming Airlines က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

Surgical Facemask  အခု ၁၀၀,၀၀၀၊ Medical Protective Coveral   အခု ၃၀၀၀ နဲ့ Medical Goggones  အခု ၁,၀၀၀ တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်ကွန်မြူနစ်ပါတီကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံကို လွှဲပြောင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကနေ တကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံ (PPE) အစုံ ၁၀,၀၀၀ ကို မြန်မာ့တပ်မတော်ဆီ ပေးပို့လှူဒါန်း ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင် ၆ ယောက်ဟာလည်း COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် မြန်မာ့တပ်မတော်ကဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြင်ချင်းဖလှယ် ဆွေးနွေေခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013