DVB Logo
Home
မြန်မာသတင်း
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများကို  ဥရောပသမဂ္ဂက ထောက်ပံ့ပေးနေ 
DVB
·
May 27, 2020
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများကို  ဥရောပသမဂ္ဂက ထောက်ပံ့ပေးနေ 
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ)က ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလအတွင်း အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးစီအတွက် ငွေကျပ် ခုနှစ်သောင်းကနေ တစ်သိန်းကျော်အထိ ထောက်ပံ့ပေးနေပါတယ်။

ဒီထောက်ပံ့မှုစနစ်ဟာ အလုပ်သမားတစ်ဦးချင်းစီကို တိုက်ရိုက်ငွေလွဲပေးပို့တာဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ အခြေအနေအပေါ်မူတည်ကာ  ထောက်ပံ့တဲ့ငွေပမာဏာကွာခြားတယ်လို့ အလုပ်သမားသမဂ္ဂက ပြောပါတယ်။

အီးယူရဲ့ အထောက်အပံ့ကြောင့် အလုပ်ထုတ်ခံရလို့ အလုပ်လက်မဲ့ဖြစ်သွားရတဲ့ အလုပ်သမားတွေအတွက်တော့ အဆောင်ခနဲ့စားစရိတ်တချို့အတွက်ပေးဆောင်ဖို့ ကာမိတဲ့ အနေအထားရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အဲ့လိုပဲ လက်ရှိမှာ အလုပ်အကိုင်ရရှိမှုက ခက်ခဲနေတာမို့ အလုပ်လက်မဲ့အ လုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ အစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့ အလုပ်သမားတွေက ပြောဆိုတာတွေ လည်းရှိနေပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ မြန်မာပြည်တွင်းက အလုပ်ထုတ်ခံရတဲ့အ လုပ်သမားတွေအတွက် မေ၊ ဇွန်၊ ဇူလိုင် ၃ လတာအတွင်း အလုပ်သမားဦးရေ ၉၀၀၀၀ အထိထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။

ကိုဗစ်-၁၉ရောဂါ ကပ်ဘေးကြောင့် လက်ရှိပြည်တွင်းမှာ စက်ရုံတွေ ယာယီပိတ်သိမ်းတာ လုပ်သားအင်အားလျော့ချတာတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်သမား ၇၀၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်လာပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။

ကပ်ဘေးကာလမှာ အလုပ်ပြုတ်ပြီး အခက်အခဲဖြစ်နေတဲ့ အလုပ်သမား၂၆၀၀၀  အတွက် မြန်မာအစိုးရကလည်း လူမှုဖူလုံရေးက ထောက်ပံ့တဲ့ ၄၀ရာခိုင်နှုန်းအကျိုးခံစားခွင့်ငွေတွေ ထုတ်ပေးနေသလို ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာဝေတာ တွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013