DVB Logo
Home
မြန်မာသတင်း
ကိုဗစ် အရေးပေါ်ကာလ ထိုင်းနိုင်ငံထဲဝင်ရောက်လာသည့် မြန်မာ ၃၅ ဦး ဖမ်းဆီးခံရ 
DVB
·
May 27, 2020
ကိုဗစ် အရေးပေါ်ကာလ ထိုင်းနိုင်ငံထဲဝင်ရောက်လာသည့် မြန်မာ ၃၅ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ခရီးသွားလာမှုတွေကို ဥပဒေနဲ့ ကန့်သတ်ထားတဲ့ကာလတွင်း  မေလ ၂၆ ရက်နေ့ညက ကန်ကျနပူရီ ခရိုင်နယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင်၊ ဆန်ခရပူရီမြို့နယ်၊ ဟွေ့ကုပ်ကျေးရွာအုပ်စုထဲမှာ နယ်စပ်ဘက်က နေ တရားမဝင် ဝင်ရောက်လာမယ့်သူတွေရှိကြောင်း ကြိုတင်သတင်းရထားတဲ့ အတွက် အမှတ် ၁၄၀၃ စစ်တပ်၊ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်၊ အုပ်ချုပ်ရေးရုံး၊ လဝက ရဲနဲ့ နယ်မြေခံရဲတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ စောင့်ကြပ်စစ်ဆေးရေးတွေ ဆောင်ရွက်နေတာပါ။

မေလ ၂၆ ရက် ည ၉ နာရီလောက်မှာတော့ ဟွေ့ကုပ်ရွာဘက်ကနေ ဆန်ခရပူရီမြို့ဘက် ဦးတည် မောင်းနှင်လာတဲ့ အဖြူရောင်ချက်ဗလက်ကားတစ်စီးကို စစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ်ကိုယ်စီရှိ မြန်မာနိုင်ငံသား ၁၁ ဦးကို တင်ဆောင်လာကြောင်းသိရှိရတဲ့အတွက် နိုင်းရုတ်ဆိုသူ ထိုင်းလူမျိုး ယာဉ်မောင်း သမားအပါအဝင် အားလုံးကို နယ်မြေခံရဲစခန်းဆီ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူ က သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီညမှာဘဲ အချိန် ၁၁ နာရီလောက်မှာတော့ မြန်မာနိုင်ငံသား ၂၄ ဦး တင်ဆောင်လာတဲ့ ကား  ၂ စီးကို တာဝန်ရှိသူတွေက ရဲစခန်းကို ထပ်မံခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ကား ၂ စီးကို တာဝန်ရှိသူတွေက ဟွေ့ကုပ်အုပ်စုဘက်ကနေ ဖမ်းဆီး ခေါ်ဆောင်လာ ခဲ့ရာမှာ လူ ၁၂ ဦးစီပါ ပထမတစ်စီးကို နိုင်းချိုင်းဆိုသူ ထိုင်းလူမျိုးက မောင်းနှင်ကာ ဒုတိယတစ်စီး ကိုတော့ နိုင်းခက် ဆိုသူ (ထိုင်း)က တင်ဆောင်ခဲ့ကြောင်း၊ သူတို့ဟာ အဆိုပါ မြန်မာတွေကို ဟွေ့ကုပ်ကနေ ထောင်းဖာဖူးမြို့နယ်ထိ ပို့ဆောင်ပေးဖို့ တဦးကို ဘတ် ၂၅၀ နှုန်းနဲ့ တင်ဆောင်လာ တာလို့  ဆိုပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ ထောင်းဖာဖူးမြို့ကနေ  ရာ့ချ်ပူရီ၊ ပရကျူတ်ခီရီခန်၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ စတဲ့ခရိုင်အသီးသီးက ထိုင်းအတွင်းပိုင်းမြို့တွေမှာ အလုပ်သွား လုပ်ဖို့ဖြစ်ကြောင်း၊ အဲဒီမြို့တွေကိုသွားဖို့ ပွဲစားတွေက ထောင်းဖာဖူးမှာ လာကြိုမှာဖြစ်ပြီး အဖိုးအခအနေနဲ့ တစ်ဦးကို ဘတ် ၅၀၀၀ စီပေးရတယ်လို့ ဆိုပါတယ်။ 

မေလ ၂၆ ရက်နေ့ညက ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးအနက် နိုင်ငံကူးလက်မှတ်ရှိသူ ၃၀ ဦးရှိပြီး သူတို့ဟာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူခံရမှာ ဖြစ်ကြောင်း၊ နောက်ထပ် ၅ ဦးကတော့ ဘာအထောက်အထားမှမရှိလို့ ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်မှုနဲ့ပါ အမှုဖွင့် အရေးယူခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းသမား ၃ ဦးလုံးမှာ လည်း ကိုဗစ်-၁၉ ဥပဒေ နဲ့ရော တရားမဝင်သူတွေ နိုင်ငံထဲဝင်ရောက်လာ အောင်အားပေးကူညီမှု တွေနဲ့ အရေးယူ ခံရမယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလ အရေးပေါ် ဥပဒေ ပုဒ်မ ၅၂ အရ ခရီးသွားလာခွင့်ကန့်သတ်ထားပြီး လိုက်နာဆောင်ရွက်မှုမရှိရင်  ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။ 

Source: facebook.com/SONG1970

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013