DVB Logo
Home
မြန်မာသတင်း
KNU /KNLA-PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးကို ခန့်အပ်
DVB
·
May 27, 2020
KNU /KNLA-PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးကို ခန့်အပ်
1 / 4
Donate to DVB

ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ကြီးစောဌေးမောင် နေရာကို ဆက်ခံဖို့အတွက် KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးကို မေ ၂၆ ရက်နေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။

KNU/KLNA-PC  ဌာနချုပ်တည်ရှိရာ ထို့ကော်ကိုးကျေးရွာမှာ မေလ ၂၄ ရက်က စတင်ကာ တပ်ဖွဲ့ဝင် အရာရှိ၊ တပ်မှူး၊ တပ်ဗိုလ်  ၄၀ ကျော်နဲ့ ၃ ရက်တာ တပ်မှူးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် ခေါင်းဆောင်သစ်ကို အတည်ပြုခန့်အပ်လိုက်တာပါ။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေး၊  ဒုဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်စောယဉ်နု၊ စစ်ရေးချုပ်အဖြစ် ဗိုလ်ချုပ်စောနေစိုးမြ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်နော်ကပေါ်ထူး၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောကျော်ညွန့်တို့က  တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။

အသက် ၉၃ ရွယ် KNU /KNLA -PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ ထို့ကော်ကိုး(ဝေနော်တယာ) နေအိမ်မှာ လူကြီးရောဂါနဲ့ မေလ ၃ ရက် ညနေ ၆ နာရီက ကွယ်လွန်ခဲ့တာပါ။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။ 



Photo - Saw Tar Tu / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013