DVB Logo
Home
မြန်မာသတင်း
အဆိုအပြောပိုင်နိုင်သူ သဘင်ပညာရှင် နန်းခင်မွှေး၏ ဟန်မူပါပါ ရုပ်ရှင်ပြဇာတ်သီချင်း (ရုပ်သံ)
DVB
·
May 26, 2020
အဆိုအပြောပိုင်နိုင်သူ သဘင်ပညာရှင် နန်းခင်မွှေး၏ ဟန်မူပါပါ ရုပ်ရှင်ပြဇာတ်သီချင်း (ရုပ်သံ)
Donate to DVB

       မြန်မာ့သဘင်လောကမှာ ထင်ရှားတဲ့ အဆို၊ အငို၊ အပြောပိုင်နိုင်သူ သဘင်ပညာ ရှင်တယောက်ဖြစ်တဲ့ မင်းသမီးကြီး နန်းခင်မွှေးရဲ့ ကိုဗစ်ကာလ အိမ်တွင်းဖျော်ဖြေမှု ရုပ်သံဗွီဒီယိုဟာ လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

       “ကလေး၊ သူရူး၊ သဘင်သည်လေးကျမပါရှင့်”လို့ အမည်တပ် ဖျော်ဖြေခဲ့တဲ့ ဒီရုပ်သံ ကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။

       မင်းသမီးကြီး နန်းခင်မွှေးဟာ တခေတ်တခါက ကျော်ကြားခဲ့တဲ့ ဝါရင့်ပြဇာတ်မင်း သမီးကြီးတယောက်ဖြစ်ပြီး ဂီတစာဆို နန်းတော်ရှေ့ ဆရာတင်ရဲ့ မျိုးဆက် မြေးတ ယောက်ဖြစ်ကာ ဆွေစဉ်မျိုးဆက် သဘင်ပညာကို အဆင့်ဆင့် လက်ဆင့်ကမ်း သယ် ဆောင်လာခဲ့သူပါ။

ဖခင်ဖြစ်သူ ရွှေနန်းတင်နောက် အစ်ကိုဖြစ်သူ နန်းဝင်းနဲ့အတူ တွဲဖက်သီဆိုကပြ ဖျော်ဖြေမှုတွေဟာ သဘင်လောကရဲ့ နန်းဝင်းတခေတ်၊ နန်းခင်မွှေးတခေတ်လို့ ဆိုစမှတ် ပြုရလောက်အောင် ထင်ရှားခဲ့တဲ့ ရွှေခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အဆို၊ အငို၊ အပြော ပိုင်နိုင်တဲ့ ပြဇာတ်မင်းသမီးတယောက်ဖြစ်ဖို့ဆိုတာ ထင်သ လောက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နာမည်ကျော် ရုပ်သေးမင်းသမီးကြီး ဆရာပုကတော့ ပြဇာတ်မင်းသမီးတို့ တတ်အပ်တဲ့ ပညာရပ် ၁၂ ခုကို " ပိုး၊ မွေး၊ ခေါ်၊ မျှော်၊ အောင်၊ ဇော်၊ လု၊ ဘ၊ ရူး၊ အ၊ သေ၊ ပစ်”ဆိုပြီး မျှဝေဖူးပါတယ်။

ဒါတွေကတော့

(၁)ပိုး = မင်းသမီးဆိုပေမယ့် အချို့အခန်းတွေမှာ ယောကျ်ားလေးတွေကို နောက်ပိုးပိုး တတ်ရပါမယ်။

(၂)မွေး = အပျိုဖြစ်ဖြစ် အအိုဖြစ်ဖြစ် ကလေးမွေးခန်းပါလျှင် သရုပ်တူစွာ မွေးတတ်ရ ပါမယ်။

(၃)ခေါ် = သူ့နေရာနဲ့သူ ဇာတ်လမ်းအရ လင်အပေါ်၊ သားအပေါ်၊ မိဘမောင်ဘွားအပေါ် သုံးနှုံးခေါ်ဝေါ်တတ်ရပါမယ်။

(၄)မျှော် = ရည်းစားမျှော်၊ လင်မျှော်၊ သားမျှော်ခန်းများမှာ သဘာဝကျကျ မျှော်တတ်ရပါ မယ်။

(၅)အောင် = မင်းသမီးအသားပေးဇာတ်လမ်းဖြစ်တဲ့ ဆားတောင်သူ မအောင်ဖြူ ဇာတ်ထဲ ကလို အလွမ်းပိုင်နိုင်ရပါမယ်။

(၆)ဇော် = ဇော်က ကတတ်ရပါမယ်။

(၇)လု = လင်လု၊ သားလုခန်းများကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်ရပါမယ်။

(၈)ဘ = ဘီလူးကြိမ်း ဘီလူးက ကတတ်ရပါမယ်။

(၉)ရူး = အရူးလို သရုပ်ဆောင်တတ်ရပါမယ်။

(၁၀)အ = အ, အ လို သရုပ်ဆောင်တတ်ရပါမယ်။

(၁၁)သေ = သေဆုံးခန်းမှာ မောသံ၊ ချွဲဖောက်သံ တို့ဖြင့် သဘာဝကျကျ သေတတ်ရ ပါမယ်။

(၁၂)ပစ် = သားပစ်၊ သမီးပစ်သွားရတဲ့အခန်းတွေမှာ အသေပစ်၊ အရှင်ပစ် ၂မျိုးစလုံးဖြင့် ပစ်တတ်ရပါမယ်။

       ခုလတ်တလော မင်းသမီးကြီး နန်းခင်မွှေးရဲ့ အဆိုအပြော မူဟန်ပိုင်ပိုင်နဲ့ ရုပ်ရှင် ပြဇာတ်သီချင်းထဲမှာတော့ မြန်မာ့သဘင် ပရိသတ်တွေ တမ်းတခဲ့ရတဲ့ တချိန်က ကာလ ဆီ တကျေိာ့ပြန် အမှတ်ရစေမှာ ဖြစ်ပါတယ်။

       ကမ္ဘာ့နိုင်ငံတွေနည်းတူ COVID-19 ကပ်ဘေးကာလကို မြန်မာနိုင်ငံကလည်း ရင် ဆိုင်ဖြတ်သန်းနေကြရချိန်မှာ ရည်ရွယ်ချက်ကောင်းနဲ့ ဒီကပ်ဆိုးကြီးက လွတ်မြောက်ပါ စေဆိုတဲ့စိတ်နဲ့ နိမိတ်ကောင်းယူထားတဲ့ ပုံရိပ်တွေကို ဒီရုပ်သံထဲမှာ ရှုစားကြရမှာ ဖြစ်ပါ တယ်။

       ခေါင်းစဉ်တပ်ထားတဲ့ “ကလေး၊ သူရူး၊ သဘင်သည်လေးကျမပါရှင့်”ဆိုတာကတော့ “တဘောင်”အနေနဲ့ အထူးပြုထားခဲ့တာ ဖြစ်ပါတယ်။

       မြန်မာအဘိဓာန်ထဲမှာတော့ ဒီစကားလုံးကို “တဘောင်ဟူသည် သူငယ်၊ သဘင် သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကား”လို့ ဖွင့်ဆိုပါတယ်။

       လက်ရှိမှာတော့ မင်းသမီးကြီး နန်းခင်မွှေးရဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အနုပညာရှင် တွေကရော ပရိသတ်တွေကပါ ချီးကျူးမှတ်ချက်တွေပေးတာတွေ၊ မျှဝေမှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013