အိန္ဒိယ ပြည်တွင်းလေကြောင်းလိုင်းများ ယနေ့ စတင်ပျံသန်း
DVB
·
May 25, 2020

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးအတွင်း တရက်တည်း လူအများဆုံး ကူးစက်ခံ နေရချိန်မှာပဲ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို နိုင်ငံတလွှား မေလ ၂၅ ရက်ကစပြီး ပြေးဆွဲလိုက်ပါတယ်။
နိုင်ငံတွင်းက လေဆိပ်တွေမှာ ခရီးသည်တွေ တန်းစီနေချိန်မှာ လူချင်းခွာနေရမယ့် စည်းမျဉ်းကိုတော့ ဆက်ပြီး ထိန်းသိမ်းခိုင်းထားပါတယ်။
လေဆိပ်ခန်းမအတွင်း စစ်ဆေးတာနဲ့ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို ပိုးသတ်တာ တွေလုပ်ပြီး ကူးစက်မှု မပြန့်ပွားအောင် ဟန့်တားနေပါတယ်။
နယူးဒေလီမြို့တော်ကနေ ထွက်ခွာလာတဲ့ ဗစ္စတာရာလေကြောင်း ခရီးစဉ်မှာ ခရီးသည်တွေ ဟာ မျက်နှာကာတွေကို ဝတ်ဆင်ထားပြီး လေယာဉ်မောင် လေယာဉ်မယ်တွေကတော့ တကိုယ်ရေ ကာကွယ်ရေးဝတ်စုံ PPE တွေကို ဝတ်ဆင် ားတာပါ။
ဒီပုံစံနဲ့ အလုပ်ကို လာရတာ အသားမကျသေးဘူးလို့ လေကြောင်းခရီးစဉ် ကြီးကြပ်ရေးမှူး ပရေးတီး ယွန်ဇွန်က အေအန်အိုင် သတင်းဌာနကို ပြောပါတယ်။
ခရီးသည်တယောက်ကတော့ လေကြောင်းခရီးစဉ် ပြန်စတဲ့ လုပ်ရပ်ဟာ မှန်တယ်လို့ ပြောပါတယ်။
ကြိုတင်သတိထားရမယ့် ကိစ္စတွေကို လုပ်ထားရင် အဆင်ပြေပါတယ်လို့လည်း သူက ပြောပါတယ်။
မွမ်ဘိုင်းနဲ့ ချန်နိုင်းအပါအဝင် လေဆိပ်အကြီးစားတွေမှာ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပြီး ခရီးစဉ်တွေကို ပြန်သုံးသပ်ဖို့ မေလ ၂၄ရက်မှာ လေကြောင်းလိုင်းတွေကို အသည်းအသန် စီစဉ်ခိုင်းခဲ့ပါတယ်။
အစိုးရသတင်းအချက်အလက်အရ မေလ ၂၅ရက် တရက်တည်းမှာ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ ၆၉၇၇ ယောက် ရှိခဲ့ပါတယ်။
ကမ္ဘာ့အကြာဆုံး အသွားအလာကန့်သတ်ချက် လော့ဒေါင်းကို ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အမိန့်အရ မတ်လက စပြီး ကျင့်သုံးခဲ့ပေမယ့် စုစုပေါင်းကူးစက်ခံ ဦးရေ ၁၃၈၈၄၅ယောက် ဖြစ်လာပါတယ်။
အဲဒီထဲက ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ အယောက် လေးထောင် ကျော်သွားပါပြီ။