DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် အဖွဲ့အစည်းတံဆိပ်သုံးသူများကို ယနေ့မှစ၍ အရေးယူမည်
DVB
·
May 24, 2020
မြဝတီတွင် အဖွဲ့အစည်းတံဆိပ်သုံးသူများကို ယနေ့မှစ၍ အရေးယူမည်
Donate to DVB

မြဝတီမြို့မှာ အဖွဲ့အစည်းနာမည်စတစ်ကာ အသုံးပြုသူတွေကို မေလ ၂၃ ရက်နောက်ပိုင်း စပြီး အရေးယူတော့မယ်လို့ မြဝတီမြို့စည်းကမ်းထိန်းသိမ်းရေးတာဝန်မှူး ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မြဝတီမြို့မှာ အဖွဲ့အစည်းတံဆိပ် စတစ်ကာ အသုံးပြုသူတွေကို အရေးယူဖို့ မေလ ၂၃ ရက်ကစပြီး သတိပေးစစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ဆေးမှုတွေကို တပ်မတော် ရဲတပ်ဖွဲ့တွေအပါအဝင် ကရင်ပြည်နယ်အတွင်းမှာရှိနေတဲ့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU(KNLA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ငြိမ်းချမ်းရေးကောင်စီ  KNU-KNLA(PC) နဲ့ BGF နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။

မြန်မာ-ထိုင်း နယ်စပ်မှာ ထိုင်းနိုင်ငံဘက်က ဂျပန်ကားတွေ တရားမဝင်တင်သွင်းမှုတွေ များလာပြီး အဖွဲ့အစည်းနာမည်ပါစတေကာတွေ အသုံးပြုကာ မြန်မာနိုင်ငံမြို့ထဲကို တင်သွင်း ရောင်းချတာတွေ၊ ခရီးသည်တင်ပို့တာတွေမှာ လမ်းကြေး၊ တံတားကြေး ပေးဆောင်ခြင်း မရှိတာတွေ ရှိနေပါတယ်။ 

အဲလိုအချိန်တွေမှာ အဖွဲ့အစည်းမှန်ကန်မှု မရှိဘဲ အဖွဲ့အစည်းနာမည် အသုံးပြုထားတဲ့ အတွက် တစ်စုံတစ်ရာ ပြဿနာ မဖြစ်အောင် အရေးယူတာတွေစတာ ဖြစ်တယ်လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီမြို့မှာ အဖွဲ့အစည်းအလံ၊ အမည်၊ တံဆိပ် အသုံးပြုသူတွေကို မေလ ၂၀ ရက်ကစလို့ စတင်စစ်ဆေးခဲ့ပြီး မေလ ၂၃ ရက်မှာလည်း သတိပေးစစ်ဆေးခဲ့ပါတယ်။

မေလ ၂၃ ရက်နောက်ပိုင်းမှာတော့ အဖွဲ့အစည်း၊ အလံ၊ တံဆိပ် မမှန်မကန် အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့မှာဆိုရင် လက်နက်ကိုင်အဖွဲ့များတဲ့အတွက် အခုလိုစစ်ဆေးမှု ပြုလုပ်နေတာပါ။ 

စစ်ဆေးမှုတွေလုပ်နေတဲ့အခု မေလအတွင်းမှာပဲ  လက်နက်ကိုင်လူတစ်စုက ပစ်ခတ်မှုတွေ ရှိခဲ့သလို မကြာခဏ လက်နက်နဲ့ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။ 

 နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013