DVB Logo
Home
မြန်မာသတင်း
နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၅ သန်းကျော်ရှိနေသည့် လေဒီဂါဂါနှင့် အေရီယန်နာဂရဲန်းဒ် သီချင်းသစ် (ရုပ်သံ)
DVB
·
May 23, 2020
နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၅ သန်းကျော်ရှိနေသည့် လေဒီဂါဂါနှင့် အေရီယန်နာဂရဲန်းဒ် သီချင်းသစ် (ရုပ်သံ)
Donate to DVB

သီချင်းသစ်တပုဒ်ထွက်တိုင်းမှာ အမိုက်စား အလန်းစား သရုပ်ပြမှုတွေ၊ တင်ဆက်မှုတွေနဲ့ တမျိုးပြီးတမျိုး မရိုးရအောင် ဖျော်ဖြေလေ့ရှိတဲ့ ပေါ့ပ်စတား လေဒီဂါဂါနဲ့ အေရီယန်နာဂရဲန်းဒ်တို့ ၂ ယောက်ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

Rain On Me လို့ အမည်ပေးထားတဲ့ ဒီသီချင်းကတော့ လေဒီဂါဂါရဲ့ ၆ ချပ်မြောက် အနေနဲ့ ထွက်ရှိလာမယ့် Chromatica တေးအယ်လ်ဘမ်ထဲမှာ ပါဝင်လာမှာဖြစ်ကာ Stupid Love ရဲ့နောက် ဒုတိယတပုဒ်အနေနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူ၊ စီးပွားရေးလုပ် ငန်းရှင်တဦးအနေနဲ့ အောင်မြင်နေခဲ့သူ လေဒီဂါဂါဟာ အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက ခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခု နှစ်က ထွက်ရှိခဲ့တဲ့ Fame တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပါ။

လက်ရှိမှာတော့ ကမ္ဘာတလွှား ထင်ရှားတဲ့ သီချင်းတွေနဲ့အတူ ဂရမ်မီဆုတွေ အပါအဝင် တေးဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားပါတယ်။

နောက်ထပ် ထင်ရှားတာတွေထဲမှာတော့ လေဒီဂါဂါဟာ စိတ်ကျန်းမာရေးဝေဒနာသည်တွေနဲ့ LGBT တွေ အခွင့်အရေးအတွက်လည်း တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတဦးအဖြစ်ပါ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂီတဒရာမာရုပ်ရှင် A Star Is Born ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာစွမ်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက် တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကားနဲ့ လေဒီဂါဂါဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး ရွှေကမ္ဘာလုံး ဆုအပါအဝင် တခြားထူးချွန်ဆုတွေနဲ့အတူ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပြီး A Star Is Born ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့တာပါ။

Bang Bang ၊ The Way ၊ Problem သီချင်းတွေကစလို့ နောက်ပိုင်း Break Free ၊ One Last Time၊ 7 Rings သီချင်းတွေထိ ပရိသတ်အားပေးမှုနဲ့ ထင်ရှားတဲ့ အဆိုတော် တယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ပေါ့ပ်နဲ့ အာရ်အဲန်ဘီ အဆိုတော် အေရီယန်နာ ဂရဲန်းဒ်ကလည်း ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ဆွဲဆောင်နိုင်သူဖြစ်တာမို့ သူတို့ ၂ ယောက်ရဲ့ ခုလိုပေါင်းစပ်မှုကလည်း ပရိသတ်တွေကို စိတ်ဝင်စားမှုတွေ မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။

ထုံးစံအတိုင်းပဲ Sexy ကျကျ ဝတ်စားဆင်ယင်မှုတွေ၊ အမိုက်စား အကအဖွဲ့တွေနဲ့ မြိုင်ဆိုင်တဲ့ သရုပ်ဖော်တင်ဆက်မှုတွေကို ဒီသီချင်းရုပ်သံထဲမှာ တမူထူးခြားစွာ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသံပါဝါ မတူညီကွဲပြားခြားနားမှုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအချိန်ထိ ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

လေဒီဂါဂါရဲ့ Chromatica တေးအယ်လ်ဘမ်ကို အစက ဧပြီလ ၁၀ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ကြန့်ကြာနေခဲ့ရတာဖြစ်ကာ ခုလက်ရှိမှာတော့ လာမယ့် မေလ ၂၉ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013