DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါပျောက်ကင်းသူ လူနာအမှတ် ၁၁၁ ကင်ဆာရောဂါဖြင့် ကွယ်လွန်
DVB
·
May 23, 2020
COVID-19 ရောဂါပျောက်ကင်းသူ လူနာအမှတ် ၁၁၁ ကင်ဆာရောဂါဖြင့် ကွယ်လွန်
Donate to DVB

COVID-19 ရောဂါ ပျောက်ကင်းသွားတဲ့ လှိုင်သာယာမြို့နယ်က လူနာ အမှတ် ၁၁၁ အမျိုးသမီးဟာ ကင်ဆာရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားတယ်လို့ လှိုင်သာယာမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ COVID-19 ရောဂါ Negative သုံးကြိမ်ပြပြီးနောက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကနေ မေလ ၁၁ ရက်နေ့ကတည်းက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ မေ ၁၈ ရက်နေ့ကစပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပြီး ဒီနေ့မနက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

လူနာအမှတ် ၁၁၁ ကို ဧပြီ ၁၉ ရက်က အတည်ပြုတွေ့ခဲ့တာ ဖြစ်ပြီး COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။

သူနဲ့အတူ တရက်တည်း အတည်ပြုတွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်းက လူနာအမှတ် ၁၀၉ အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာဟာလည်း COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်အနောက်ပိုင်းဆေးရုံမှ, စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013