DVB Logo
Home
မြန်မာသတင်း
မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ပြန်လည်ဝင်ရောက်
DVB
·
May 23, 2020
မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ပြန်လည်ဝင်ရောက်
1 / 3
Donate to DVB

ထိုင်းနိုင်ငံကနေ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် မေလ ၂၃ ရက်နေ့ မနက်ပိုင်းက မြဝတီအမှတ် ၂ ချစ်ကြည်ရေး တံတားကနေ ပြန်လည်ဝင်ရောက်လာတယ်လို့ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

အဲဒီလို ပြန်လည်ဝင်ရောက်လာနိုင်ဖို့ နှစ်နိုင်ငံ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ရတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“အခက်အခဲတွေက အများကြှီးပါ။ နှစ်ဖက် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ရတယ်။ နောက်တပိုင်းက လူစုလူဝေးမဖြစ်အောင် အစီအမံတွေ ရေးဆွဲရတယ်။ သံရုံးအပိုင်းက လုပ်ရသလို အုပ်ချုပ်ရေးအပိုင်းကလည်း အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရတယ်”လို့ ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေ နေရပ်ဒေသမပြန်ခင်အချိန်ထိ မြဝတီမြို့ Quarantine စခန်းတွေမှာ ထားရှိကာ ကျန်းမာရေး စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။ 



အခုလို ပြည်လည်ဝင်ရောက်လာသူတွေဟာ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်၊ တနင်္သာရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကဖြစ်ပြီး ကရင်ပြည်နယ်အစိုးရက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေ ချိတ်ဆက်ပြီး မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးသွားမှာပါ။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား ၃၃၀၀၀ ကျော် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိထံ စားရင်ပေးပို့ထားတယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013