DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့တွင် ကျောက်တင်ရထားနှင့်တိုက်မိသဖြင့် တနေ့တည်း လူ ၂ ဦး သေဆုံး
DVB
·
May 23, 2020
လက်ပံတန်းမြို့တွင် ကျောက်တင်ရထားနှင့်တိုက်မိသဖြင့် တနေ့တည်း လူ ၂ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှာ မေ ၂၂ ရက် မနက်အစောပိုင်းက နေရာ ၂ ခုမှာ ရထားတိုက်မိတာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ပံတန်းဘူတာနဲ့ စစ်ကွင်းဘူတာကြား ပြည်-ရန်ကုန်ရထားလမ်း မိုင်တိုင်အမှတ် (၈၁/၂၄နှင့် ၂၃ ကြား) နဲ့ မိုင်တိုင်အမှတ်(၈၁/၁၉နှင့်၁၈ကြား ) နေရာ ၂ နေရာ တို့မှာ လူ ၂ ဦးအား ရထားအမှတ်  BD331 ကျောက်တင်ရထားက တိုက်မိခဲ့တာကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်မှာ စစ်ကွင်းဘက်ကနေ လက်ပံတန်းဘက်ကို မောင်းနှင်လာတဲ့ အမှတ် BD331 ကျောက်တင်ရထားဟာ ပြည်- ရန်ကုန်ရထားလမ်း မိုင်တိုင်အမှတ် (၈၁/ ၂၄နှင့် ၂၃ကြား) ရထားလမ်းအလယ်မှာ အိပ်ပျော်နေတဲ့ ကိုကိုနိုင် (၄၁ နှစ်) ကို တိုက်မိခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

အဲဒီ ကျောက်တင်ရထားဟာ မိုင်တိုင်အမှတ် (၈၁/၁၉နှင့်၁၈ကြား) အရောက်မှာလည်း ရှမ်းစုကျေးရွာထိပ်မှာ ကျော်မင်းထိုက် (၃၇) နှစ်အား ထပ်မံတိုက်မိတာကြောင့် ခြေထောက်ပြတ်ဒဏ်ရာတွေ ရရှိပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ လက်ပံတန်းမြို့မရဲစခန်းက သိရပါတယ်။

ဝဏ္ဏထွန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013