DVB Logo
Home
မြန်မာသတင်း
လွန်ခဲ့သည့် ၁၅ နှစ်က စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင်ရေး စာတပုဒ် အွန်လိုင်းပေါ် မျှဝေ
DVB
·
May 22, 2020
လွန်ခဲ့သည့် ၁၅ နှစ်က စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင်ရေး စာတပုဒ် အွန်လိုင်းပေါ် မျှဝေ
Donate to DVB

       ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းခမ်းလှိုင်က သူကိုယ် တိုင်ရေးသားခဲ့ပြီး Idea မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ စာတပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှတဆင့် မျှဝေထားပါတယ်။

       “အချိန်တွေအားလုံး အငွေ့ပျံသွားသည်အထိ ပျံသန်းနေသော ငှက်ကလေးတစ် ကောင်အကြောင်း”လို့ အမည်ပေးထားတဲ့ ဒီစာကိုတော့ စိုင်းစိုင်းက လွန်ခဲ့တဲ့ ၁၅ နှစ်ကာလ ၂၀၀၅ ခုနှစ်တုန်းက ရေးသားခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့တာပါ။

       သူ့ရဲ့ ဓာတ်ပုံတပုံနဲ့အတူ ဝေမျှထားတဲ့ ဒီစာကို အခန်း ၄ ခန်းနဲ့ ရေးသားခဲ့ပြီး အ ခန်း ၁ ကိုတော့ ခုလိုစတင်ထားခဲ့တာ ဖြစ်ပါတယ်။

(၁)

အရမ်းအေးတဲ့ဆောင်းတွေမှာ လူတွေဟာ စိတ်ကူးယဉ်လေ့ရှိကြပါတယ်။ ကျနော် ယဉ်တဲ့ စိတ်ကူးကတော့ အမြဲလိုလို ဘက်ဂီယာကြီးထိုးနေတော့တာပဲ။ အခုဆိုတာ သိပ် ပြီးအေးတဲ့နေ့လေးတစ်နေ့ပေါ့။ ဒီတော့ ကျနော့်အတွေးတွေဟာလည်း အနှောင်အဖွဲ့ ကင်းစွာနဲ့ သူသွားလိုရာ ရွက်လွှင့်သွားလေရဲ့။

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ချောကလက်ရောင် ရေခဲအိပ် မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ် စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတော့ အသက် အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

( ၄ )

နေရောင်ချည်က အအေးလှိုင်းတွေကို မောင်းထုတ်လိုက်ပါတယ်။ ရိုလာကိုစတာကြီးလိုပဲ ကျနော့်အတွေးထုဟာ အစမှတ်ကို ပြန်ရောက်လာလေရဲ့ ။ အဆုတ်ထဲကို လေတွေ တဝကြီး ရှူသွင်းပြီးတဲ့နောက် မျက်စိကိုဖျတ်ခနဲဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်ကို စူးစမ်း တယ်။ ကိုယ့်ကိုယ်ကို သုံးသပ်တယ်။ ဟုတ်တယ် ... ကျနော်ပျံနေတုန်းပဲ ... မိုးပေါ်မှာ ..... ။

x x x

၂-၂-၂၀၀၅

ညနေ ၄ နာရီ

ပြင်ဦးလွင်

( အိုင်ဒီယာမဂ္ဂဇင်းမှာပါခဲ့ဖူးတဲ့ ကျနော့်စာ )

https://www.facebook.com/saisaifanpage/photos/a.10151717508396875/10157058153816875/?type=3&theater

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013