DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီကို တပ်မတော်က COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
DVB
·
May 22, 2020
ကေအန်ပီပီကို တပ်မတော်က COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
1 / 6
Donate to DVB

ကရင်အနီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွက် တပ်မတော်က COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ဒီကနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

လွို်ငကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဧည့်ရိပ်သာမှာ ဒီကမနေ့ မနက် ၁၀ နာရီက အခမ်းအနားနဲ့ အကူအညီပစ္စည်းတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒေသကွပ်ကဲမှူး စစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက “လက်သည်းဆိပ်ရင် လက်ထိပ်နာသလို ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လူမျိုးမရွေး၊ ဘာသာမရွေး မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့သူတွေအားလုံး၊ တယောက်ဖြစ်ရင် ကျန်တဲ့လူတွေ ဒုက္ခရောက်မှာစိုးလို့၊ ကျန်တဲ့သူ ကူးစက်မှာစိုးလို့ ကာကွယ်ရေးကို အခြေပြု လုပ်တဲ့အချိန်မှာ ကျနော်တို့ ပထမ တပ်မတော်က လစာငွေတွေနဲ့ လှူဒါန်းမှုတွေဟာ ဆေးရုံတွေ ထောက်ပံ့ပါတယ်။ ကျေးလက်ကျန်းမာရေးကို ထောက်ပံ့ပါတယ်။ အဲဒါပြီးတော့ တပ်မတော်ကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ ဝဒေသကို ပေးတယ်။ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းတွေကို ကာကွယ်ရေးပစ္စည်းတွေကို ပေးအပ်ခဲ့တယ်။ အလားတူပဲ ကျနော်တို့ ဒီပြည်နယ်မှာရှိနေတဲ့ ကေအန်ပီပီအဖွဲ့ကို ကျနော်တို့ တိုင်းရင်းသားပြည်သူတွေအတွက် ပေးအပ်ရခြင်းဖြစ်ပါတယ်။” လို့ အကူအညီပစ္စည်းပေးအပ်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

လှူဒါန်းတဲ့ ပစ္စည်းတွေအထဲမှာ Surgical Mask ၁၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ Face Shield-၂၅၀ ခု၊ Bleaching Powder ၅ ပုံး၊ Personal PPE ဝတ်စုံ ၁၀၀၊ Examination Gloves ၁၀၀၀  box၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာတွေ ပါဝင်ပါတယ်။

  ဒီထောက်ပံ့မှုအခမ်းအနားမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီဘက်က  အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်၊ ဗဟိုကော်မတီဝင် ခူးဒယ်နီရယ်၊ ဗဟိုကော်မတီဝင် ခူးညေးရယ် လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးမီရယ်နဲ့  ရှားတောဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်တို့ တက်ရောက်လက်ခံခဲ့ပါတယ်။

ကေအန်ပီပီအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ကေအန်ပီပီအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မတ်လကတည်းက နယ်စပ်လမ်းကြောင်းတွေ ပိတ်တာမျိုးတွေအပြင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့့ကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ တပ်မတော်ဘက်က ကူညီလာတဲ့တွက်  များစွာ အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။

“အခုလို လုပ်ဆောင်တယ်ဆိုတာ ကျနော်တို့ရဲ့ဝန်နဲ့ အားနဲ့ ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်မို့လို့ တပ်တော် ကြည်း၊ ရေ၊ လေက ပို့ပေးလာတဲ့ အထောက်အကူပစ္စည်းတွေက ကျနော်တို့အတွက် အများကြီး အထောက်အကူပြုတယ်လို့ ယူဆပါတယ်။ ဒီမှာရှိတဲ့ မိဘပြည်သူတွေ၊ လက်လှမ်းမီတဲ့နေရာတွေကို ဆက်လက်ပြီး အမြန်ဆုံး ကျနော်တို့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ”

တပ်မတော်အနေဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုလည်း ပြီးခဲ့တဲ့ ရပ်ပိုင်းက Covid-19 ကာကွယ်ရေးပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013