DVB Logo
Home
မြန်မာသတင်း
ချမ်းမြေ့မောင်ချို ပုံစံတမျိုးနှင့် သီဆိုသည့် “သင့်အတွက်မနက်ဖြန်”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
May 22, 2020
ချမ်းမြေ့မောင်ချို ပုံစံတမျိုးနှင့် သီဆိုသည့် “သင့်အတွက်မနက်ဖြန်”သီချင်း(ရုပ်သံ)  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

“လူတွေကဲ့ရဲ့ကြပါစေ… အရှုံးမပေးနဲ့ သူငယ်ချင်းရေ… ဒါနင့်အတွက် မနက်ဖြန် လေ... ဘယ်လိုလဲကျစမ်းပါစေ… အရှုံးမပေးနဲ့ သူငယ်ချင်းရေ… ဒါနင့်အတွက် မနက်ဖြန် တွေ...ဟေး”

 ဒါကတော့ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 3 ရဲ့ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲဝင်သီချင်းတပုဒ်ထဲက တေးသွားစာသားတွေပါ။

 “သင့်အတွက် မနက်ဖြန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လူငယ်တေး ရေးဆရာတယောက်ဖြစ်တဲ့ ဝေကြီးက ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး Winner ဆုရှင် ဖြိုး မြတ်အောင်ရဲ့ သီဆိုမှုနဲ့ နာမည်ကြီးခဲ့ပါတယ်။

 ခုတခါမှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ပုံစံတမျိုးနဲ့ ဆန်းသစ်သီဆိုဟန်ကို ပရိသတ် တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

  “လူတိုင်း လူတိုင်း လူတယောက်စီတိုင်းမှာ… အဓိပ္ပါယ်ရှိတယ်… ကိုယ်ကြိုက်ရာ ရွေးချယ်ပြီး ဘဝကို… အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ… လူတိုင်း လူတိုင်း လူ တယောက်စီတိုင်းမှာ… ဘုရားတွေရှိတယ်… ကိုယ်ကြိုက်ရာကိုးကွယ်ပြီး ဘဝကို… လဲကျတဲ့အခါ ပြန်ထလို့ရပါတယ်… ဒါ သင့်အတွက်မနက်ဖြန်ပဲ”

အသက် ၂၀ အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာ အိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ သူပါ။

ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အပြိုင်အဆိုင် အားပေးကြတဲ့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော် တေးအယ်လ် ဘမ်ဖြစ်တဲ့ “Eleven” အယ်လ်ဘမ်ထွက်ရှိထားခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက Loser ၊ မောင် နားလည်ပေးပါစတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြား ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

ခုထပ်ပြီး ထွက်ရှိလာတဲ့ သီချင်းထဲမှာတော့ Cosmo Production ရဲ့ ရိုက်ချက်တွေ နဲ့အတူ မနက်ဖြန်တိုင်းမှာ အရှုံးမပေးဖို့ ခွန်အားပေးနိုင်မယ့် ရုပ်သံဗွီဒီယိုတခုအနေနဲ့ ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013