DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် ကျော်ထက်အောင် ဖတ်ပြခဲ့သည့် မိုးမင်းအိမ်ရဲ့ ‘ဝရံတာ’အက်ဆေး(ရုပ်သံ)
DVB
·
May 22, 2020
သရုပ်ဆောင် ကျော်ထက်အောင် ဖတ်ပြခဲ့သည့် မိုးမင်းအိမ်ရဲ့ ‘ဝရံတာ’အက်ဆေး(ရုပ်သံ)
Donate to DVB

နာမည်ကြီး အစီအစဉ်တင်ဆက်သူ၊ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ကျော်ထက်အောင်က လတ်တလော COVID-19 ကပ်ဘေးကာလမှာတော့ အပတ်စဉ် သူ့ပရိသတ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ကောင်းနိုးရာရာ စာအုပ်တွေကို ဖတ်ပြတဲ့ အစီအစဉ်တစ်ခုကို တင်ဆက်ပေးနေပါတယ်။

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ အစီအစဉ်တင်ဆက်သူတယောက်အနေနဲ့ စတင် ခဲ့တဲ့ ကျော်ထက်အောင်ဟာ သရုပ်ဆောင်အနုပညာလမ်းကြောင်းပေါ်မှာပါ ဆက်လက် လျှောက်လှမ်းနေခဲ့ပြီဖြစ်ကာ ပရိသတ်အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Stay Home ကာလ ဖေ့စ်ဘွတ်ခ်ပေါ်မှာ “ကျွန်တော့် ကဗျာ၊ ကျွန်တော့် စာ၊ ကျွန်တော့် ချစ်သော အနုပညာ”အမည်နဲ့ စာမျက်နှာတခု ဖွင့်လှစ် ထားခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ပရိသတ်တွေကို စာဖတ်ပြနေခဲ့တာပါ။

ခုတပတ်မှာတော့ ထူးထူးခြားခြား တေးရေးတေးဆို စာရေးဆရာ မိုးမင်းအိမ်ကို ဖိတ်ခေါ်ကာ သူ့ရဲ့ အက်ဆေးတပုဒ်ကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။

မိုးမင်းအိမ်ဟာ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် တေးရေးသူ တယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူတယောက် ဖြစ်ပါတယ်။

သီချင်းတွေရေး၊ ဆို၊ ဂစ်တာတီးတာတွေ လုပ်နေသလို ကဗျာတွေ၊ အက်ဆေးတွေ ကိုလည်း ရံဖန်ရံခါ ရေးနေသူတယောက် ဖြစ်ပါတယ်။

ခုတခါမှာတော့ အေးမင်းစော၊ ဒီဒေးသစ်၊ ငြိမ်းပြေတို့နဲ့အတူ လေးနားညီအက် ဆေးများအမည်နဲ့ စာအုပ်တအုပ် ထွက်ရှိထားခဲ့တာပါ။

ကျော်ထက်အောင်ရဲ့ စာဖတ်ပြတဲ့ အစီအစဉ်မှာတော့ သူ့ရဲ့ အနုပညာလမ်း ကြောင်းလျှောက်လှမ်းရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မိတ်ဆက်ခဲ့ပြီးနောက်မှာတော့ ဒီစာအုပ်ထဲက အက်ဆေးတပုဒ်ဖြစ်တဲ့ ဝရံတာကို ရွေးချယ်ပြီး ကျော်ထက်အောင်က ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ အောက်က လင့်ခ်ကနေတဆင့် ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013