DVB Logo
Home
မြန်မာသတင်း
တပ်မတော်အနေဖြင့် ပြည်သူအပေါ် ရေလိုလလို ကျင့်သုံးရန် ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း 
DVB
·
May 22, 2020
တပ်မတော်အနေဖြင့် ပြည်သူအပေါ် ရေလိုလလို ကျင့်သုံးရန် ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း 
Donate to DVB

တပ်မတော်အနေနဲ့ ပြည်သူလူထုကို ထိခိုက်စေမယ့် အကြပ်အတည်းတွေကို ကာကွယ် ကူညီဖြေရှင်းပေးဖို့နဲ့ ပြည်သူအပေါ် ရေလိုလလိုကျင့်သုံးဖို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

မေလ ၂၁ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမမှာ ကျင်းပတဲ့  ကမ္ဘာ့ကပ်ရောဂါ COVID-19  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

တပ်မတော်အနေနဲ့ ပြည်သူတွေအတွက်သာမက UWSA (ဝ)အဖွဲ့နှင့် KIO/KIA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေကြောင်း၊ ရခိုင်ဒေသမှာလည်း ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူလူထုကို ထိခိုက်စေမယ့် အကြပ်အတည်းများအား ကာကွယ်ပေးရမည်၊ ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊  တပ်မတော်အနေနဲ့  စစ်သည်တော်ကျင့်ဝတ်ပါအတိုင်း ပြည်သူအပေါ် ရေလိုလလို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနဲ့ တိုင်းပြည်ရဲ့ စွမ်းအားများ မထိခိုက်စေဖို့ ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်လို့ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

COVID-19  ရောဂါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံမှာ စစ်ဆေးနိုင်တဲ့ ပမာဏ နည်းပါးနေသေးကြောင်း၊  COVID-19  ရောဂါနဲ့ ပတ်သက်လို့ လုံး၀ မလျှော့ကြဖို့လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါဖြစ်ပွားသူတွေနဲ့ သူတို့ကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အထောက်အကူပေးနေသူတွေ၊ မိသားစုဝင်တွေအားလုံးရဲ့ လုပ်အား၊ စွမ်းအား၊ စွမ်းဆောင်နိုင်မှုတွေ လျော့သွားလို့ တိုင်းပြည်စွမ်းအား၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ တစ်ဦးချင်းဝင်ငွေများကို ထိခိုက်စေကြောင်း၊ နိုင်ငံတချို့မှာ ဖြေလျော့မှုများပြုလုပ်ရာမှာ တစ်ကျော့ပြန် ရောဂါပိုးကူးစက်မှုတွေ ဖြစ်ပေါ်နေလို့ အစစအရာရာ သတိထား လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။

ဒါ့အပြင်ကျောင်းတွေ ပြန်မဖွင့်ခင် တပ်တွင်းရှိ မှီခို ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားခဲ့တဲ့ အတန်းအလိုက် သင်ခန်းစာတွေကို ပြန်လည်ဖတ်ရှုလေ့လာကြဖို့ စီစဉ်ပေးရမှာ ဖြစ်ကြောင်းနဲ့ တစ်ရက် လျှင် ၂ နာရီလောက် ၁၀ ယောက်စုနှုန်းနဲ့  စာဖတ်ဝိုင်းတွေ ဆောင်ရွက်ပေးနိုင်ကြောင်း၊ လောကနီတိ အခြေခံဖြစ်တဲ့ ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာတွေ သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချဖို့ လိုတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ 

အဆိုပါ အစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပါတယ်။

 ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013