DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ COVID-19  လူနာ ၁၉၉ ဦးအနက် ပြည်ပက ကူးစက်ခံရသူ ၄၃ ဦးရှိလာ
DVB
·
May 21, 2020
မြန်မာနိုင်ငံရှိ COVID-19  လူနာ ၁၉၉ ဦးအနက် ပြည်ပက ကူးစက်ခံရသူ ၄၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ COVID-19 ရောဂါစတင်ပျံ့နှံဖြစ်ပွားတာ  နှစ်လနီးပါးရှိနေပြီဖြစ်ပြီး မေလ ၂၁ ရက်နေ့ မနက်ပိုင်း အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၉၉ ဦး အထိ ရှိလာပါတယ်။

ဒီ ၁၉၉ဦး ထဲက ပြည်ပကနနေ ကူးစက်ခံရသူ စုစုပေါင်းဟာ ၄၃ ဦးရှိကြောင်းနဲ့ ဒါဟာကူးစက်ခံ လူနာစုစုပေါင်းရဲ့ ၂၂ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ COVID-10 အတည်ပြုလူနာကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

အဆိုပပြည်ပကကူးစက်ခံရသူ ၄၃ ဦးထဲမှာ   မလေးရှားပြန်လာသူတွေထဲက ၉ ဦးနဲ့ ယူအေအီးကပြန်လာသူ ၈ ဦး စုစုပေါင်း ပိုးတွေ့လူနာ ၁၇ ဦးကို မေလအတွင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ ကိုရီးယား၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး စတဲ့နိုင်ငံတွေကနေ  ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ   မေလ အတွင်းအယောက်  ၂၄၀၀ ကျော် ရှိပြီဖြစ်ပြီး သူတို့ကို သက်ဆိုင်ရာ Quarantine Centre တွေမှာထားရှိကာ  COVID- 19 ပိုးရှိ/မရှိ စစ်ဆေးပေးနေပါတယ်။

ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရန်ကုန်မှာတော့ COVID-19  ပထမလှိုင်းပြီးပြီလို့ ယူဆရကြောင်းနဲ့ ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေနဲ့ မြို့နယ်အလိုက် ကျန်းမာရေးစစ်တမ်းတွေ ကောက်ယူနေကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013