DVB Logo
Home
မြန်မာသတင်း
ယူအေအီးနိုင်ငံက ပြန်လာသူ ၁၄၈  ဦးအနက် ၈ ဦးတွင် COVID-19 ပိုးတွေ့
DVB
·
May 21, 2020
ယူအေအီးနိုင်ငံက ပြန်လာသူ ၁၄၈  ဦးအနက် ၈ ဦးတွင် COVID-19 ပိုးတွေ့
Donate to DVB

ယူအေအီးနိုင်ငံကနေ မြန်မာပြည်ပြန်လာကြသူ ၁၄၈ ယောက်ထဲက COVID-19 ရောဂါအတည်ပြုလူနာ ၈ ယောက်တွေ့ရှိထားတယ်လို့  ယူအေအီးပြန်မြန်မာတွေရဲ့ ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

မတ်လ ၁၀ ရက်နေ့က ယူအေအီးက ပြန်လာတဲ့ မြန်မာ ၁၄၈ ယောက်ထဲက ၁၂၀ ကို လှိုင်မြို့နယ်မှာ Quarantine ထားပြီး ကျန် ၂၈ ယောက်ကို အင်းစိန်မြို့နယ်က ဟိုတယ်တစ်ခုမှာ Quarantine ထားတာဖြစ်ပါတယ်။

လှိုင်မြို့နယ်မှာ Quarantine ထားတဲ့ ၁၂၀ ထဲက ပိုးတွေ့လူနာ ၂ ဦးကို မေလ ၂၀ ရက်က ကြေညာပြီးနောက် မေလ ၂၁ ရက်နေ့မှာ အင်းစိန်မြို့နယ်က ဟိုတယ် Quarantine ဝင်နေသူ ၂၈ ဦးထဲက ပိုးတွေ့လူနာ ၆ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကကြေညာပါတယ်။

ယူအေအီးပြန်မြန်မာတွေရဲ့ ပရဟိတအဖွဲ့ခေါင်းဆောင်က “ကျနော်တို့ ဟိုမှာ အလုပ်တွေပိတ်ပြီး အိမ်မှာတစ်လကျော် နှစ်လနီးပါးနေခဲ့ကြတာဆိုတော့  မဖြစ်လောက်ဘူးလို့ မျှော်လင့်ထားတာပါ။ အတတ်နိုင်ဆုံး ကျနော်တို့ Safety အနေနဲ့ လက်အိတ်တွေရော၊ နှာခေါင်းစည်းတွေရော လေယာဉ်ပေါ်မှာ အကုန်လုံးဝတ်လာကြပါတယ်။ အကုန်လုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး လာခဲ့ကြတာပါ။”လို့ ပြောပါတယ်။

နိုင်ငံအတွင်းက ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူတွေကို နိုင်နိုင်နင်းနင်းထိန်းထားနိုင်ပြီ ဖြစ်ကြောင်း၊ အခုနောက်ပိုင်း ပြည်ပကပြန်လာသူတွေကိုလည်း ရောက်ရောက်ချင်း  Facility Quarantine စင်တာတွေကို အကုန်ပို့ပြီး ထိန်းချုပ် ကန့်သတ်စောင့်ကြည့်တာ တပြိုင်တည်းလုပ်တာကြောင့် အဲဒီကနေ ပိုးတွေ့တဲ့သူတွေထွက်လာတာဖြစ်ကြောင်း၊ ဒါကြောင့် ရပ်ကွက်နေ ပြည်သူတွေကြားမှာ ကူးစက်ပျံ့နှံ့မှု လုံးဝမဖြစ်နိုင်ကြောင်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အစိုးရကစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  မြန်မာနိုင်ငံကို ပြန်ရောက်လာတာ  မေလ အတွင်း ၂၄၀၀ ကျော် ရှိပြီဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013