
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်ကန်တော်မင်က သိမ်းဆည်းထားတဲ့ မြေဧက ၄၀,၀၀၀ ကျော်ထဲက အသုံးမပြုတဲ့ ဧက ၁၀,၀၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပြီး မူလပိုင်ရှင်ထံ ပေးအပ်ခဲ့ပါတယ်။
ဗထူးတပ်နယ်က ၁၉၆၂ ခုနှစ် ကန်တော်မင်ဥပဒေနဲ့ လိုအပ်ချက်အရ မြေတွေ သိမ်းဆည်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်ကိုပြန်လည်ပေးအပ်ကာ မေလ ၂၀ ရက်နေ့က ကော်လိတ္တော်အရာရှိထံ ပေးအပ်ခဲ့ပါတယ်။
အဲဒီစွန့်လွတ်မြေကို မူလပိုင်ရှင်ထံ ပုံစံ (၃) ပေးအပ်နိုင်ရေး ကွင်းဆင်း စစ်ဆေးထာပြီး အမြန်ဆုံးပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။
အဲဒီမြေဟာ ဗထူးတပ်နယ် စစ်တက္ကသိုလ်စတင် တည်ဆောက်ကတည်းက သိမ်းဆည်းထားတာပါ။ လက်ရှိမှာ တပ်က အသုံးမပြတဲ့မြေယာတွေကို စွန့်လွှတ်ပေးအပ်ပြီး သက်တိုင်ရာက ပုံစံ ၃ ဖြင့် မူလပိုင်ရှင်ထံ ပေးအပ်သွားမှာဖြစ်ပါတယ်။
စွန့်လွှတ်မြေထဲမှာ ယာမြေ ၂၃၁၆ ဒသမ ၈၄ ဧက၊ လယ်မြေ ၂၆၉၃ ဒသမ ၃၁ ဧက၊ ဥယျာဉ်မြေ ၁၇၅ ဒသမ ၃၅ ဧက၊ လမ်းမြေ ၇၉ ဒသမ ၆၈ ဧက၊ မြစ်ချောင်းမြေ ၁၇၄ ဒသမ ၆၂ ဧက၊ ရွာမြေ ၁၄၅၄ ဧက၊ မြို့မြေ ၂၆၇ ဒသမ ၉၅၆ ဧက၊ သစ်တောမြေ ၂၂၅၅ ဧကနဲ့ မြေရိုင်း ၁၂၁၉ ဧကတို့ ဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ










