DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်တွင် မြစိမ်းရောင် ချေးငွေစီမံကိန်း ပြန်လည်စတင်
DVB
·
May 21, 2020
ဟင်္သာတခရိုင်တွင် မြစိမ်းရောင် ချေးငွေစီမံကိန်း ပြန်လည်စတင်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဟင်္ဟာတ၊ လေးမျက်နှာ၊ ဇလွန်မြို့နယ်က ကျေးရွာတွေမှာ မြစိမ်းရောင်ချေးငွေစီမံကိန်း ပြန်လည်စတင်  နေပါတယ်။

COVID-19 အရေးပေါ်ကာလ ဖြစ်ပေါ်နေချိန် ဧပြီလကစလို့  ငွေသွင်းငွေထုတ်လုပ်ငန်းတွေကို  ဆိုင်းငံ့ထားခဲ့ရာက အခုအချိန်မှာ ပြန်လည်စတင်နေတာပါ။

အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်စိုးက "ခုရက်စပြီး လုပ်ငန်းတွေစပြီး ငွေသွင်းငွေထုတ်စပြီပေါ့။ ဟင်္ဟာတခရိုင်တခုလုံး ပြန်စပြီး ချေးပေးနေပါပြီ။ အင်္ဂပူမြို့နယ် အနေနဲ့ ခုရက် ၆ ရွာထုတ်ချေးပေးနေပါတယ်။ တခြားမြို့နယ်တွေလည်း စချေးနေပြီ”လို့ ပြောပါတယ်။

မြစိမ်းရောင်ချေးငွေစီးမံကိန်းဟာ ကမ္ဘာဘဏ်နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျေးရွာတွေမှာ စိုက်ပျိုးရေးမွေးမြူးရေး တပိုင်တနိုင် လုပ်ကိုင်နိုင်ဖို့ ထုတ်ချေးပေးနေတာပါ။

မြန်အောင်မြို့နယ် မြစိမ်းရောင်ချေးငွေ စီမံကိန်းမှာပါဝင်တဲ့ ဂွေးကုန်းတောင်နီလေးရွာ ဦးမြင့်သန်းက “ ခုပြန်စချေးပေးနေပြီ။ စီမံကိန်းကတစ်ရွာကို သုံးနှစ်ချေးတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကတော့ အတိုးက တစ်ကျပ်ခွဲလောက်ပဲ ကျမယ်။ ရွာတွေမှာ ကော်မတီဖွဲ့ ပြန်ချေးပြီး အတိုးကို ဒေသဖွံ့ဖြိုးရေးတွေအတွက် သုံးတာပါ"လို့ ပြောပါတယ်။

မြစိမ်းရောင်စီမံကိန်းအဖြစ် အကောင်အထည်ဖော်တဲ့ကျေးရွာတစ်ရွာကို ကျပ်သိန်း ၃၀၀ ထုတ်ချေးပြီး တစ်နှစ်တခါ အတိုးအရင်းငွေပြန်သွင်းစေကာ ပြန်ထုတ်ချေးပေးနေတာပါ။

စီမံကိန်းကနေ ရရှိတဲ့ အတိုးငွေကို ကျေးရွာအတွင်းက အဓိကလိုအပ်တဲ့နေရာတွေမှာ သုံးစွဲရပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကြီးကြပ် အကောင်အထည်ဖော်နေတာပါ။

သတင်း- သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013