DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် တစ်ရှူးစက္ကူစက်ရုံတွင် ကရိန်းပိသဖြင့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 21, 2020
ဝမ်းတွင်းမြို့နယ် တစ်ရှူးစက္ကူစက်ရုံတွင် ကရိန်းပိသဖြင့် အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဆင်ချီတိုင်အုပ်စု၊ ရွှေကူရွာအနီး DAHILA တစ်ရှူးစက္ကူစက်ရုံမှာ မေလ ၂၀ ရက်က ကရိန်းပိတဲ့အတွက် အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်း ဒုရဲအုပ်ဖိုးထောင်က "ကရိန်းသံဘောင်ကို ထိန်းထားတဲ့ နတ်တွေ ပြတ်ပြီး ကရိန်းသံဘောင်ကြီး ပြုတ်ကျလာတယ်။ အဲဒီကရိန်းသံဘောင်ကြီးက လူကိုပိပြီး သေဆုံး သွားတယ်။ သေမှုသေခင်းအမှုဖွင့်ထားတာကို လူသေဆုံးမှု ၃၀၄ (က) အမှုအဖြစ် ပြောင်းလဲပြီး အမှုဖွင့်နေပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

DAHILA တစ်ရှူးစက္ကူစက်ရုံအတွင်းရှိ အဆောက်အအုံရဲ့ အလယ်တည့်တည့် ခေါင်တိုင်မှာ အရှေ့အနောက် တန်းနေတဲ့ ကရိန်းကြီးနဲ့ ပစ္စည်းတွေကို အတင်အချပြုလုပ်ရတာဖြစ်ပါတယ်။

ပစ္စည်းအတင်အချလုပ်ဖို့ အလုပ်သမားခေါင်းဆောင် ကိုခင်မောင်မြင့်က ကရိန်းကြိုး တင်းနေစဉ် ကရိန်းသံဘောင်ကြီးကို ထိန်းထားတဲ့ မူလီတွေပြတ်ထွက်သွားခဲ့ပြီး ကရိန်းသံဘောင် ပြုတ်ကျလာကာ ပဲခူးတိုင်း ဝေါမြို့နယ် အဗျားငှက်ချေးဝင်းရွာနေတဲ့  ထွန်းလွင်အောင်(၂၉နှစ်) အပေါ် ပိကျကာ နေရာတင်သေဆုံးသွားပါတယ်။

ရွှေကူကျေးရွာနေသူ ဦးဘဉာဏ်က "အဲဒီတစ်ရှူးစက္ကူစက်ကြီး ဖွင့်ထားတာကြောင့် ဒေသခံ လူ ၇၀ လောက် အလုပ်ရသွားတယ်။ စက်ရုံပိုင်ရှင်က မန္တလေးဘက်ကလို့ သိရတယ်။ တရုတ်လူမျိုးတွေလည်း ခဏခဏလာတယ်။ ကရိန်းသံဘောင်ကြီး ပြုတ်ကျလာပြီး ကောင်လေးပေါ်ပိတာကြောင့် သေဆုံးသွားတယ်" လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ အလုပ်သမားခေါင်းဆောင် ကိုခင်မောင်မြင့်ကို စက်ကိရိယာများကို စနစ်တကျမကိုင်တွယ်ပဲ ပေါ့ဆစွာပြုလုပ်လို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013