
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ မေလ ၂၀ ရက်နေ့ကစတင်ပြီး ၂၁ ရက်နေ့အထီ ခန္တီးမြို့နယ် COVID-19 ထိန်းချုပ်ရေးကော်မတီက Mask တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်နေတယ်လို့ ခန္တီးမြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်က ပြောပါတယ်။
Mask တပ်ဆင်ရေးလှုပ်ရှားမှုကို ခန္တီးမြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကြက်ခြေနီ အသင်း၊ လူငယ်ရေးကော်မတီ၊ လူငယ်ကွန်ယက် လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး ခန္တီးမြို့ ကမ်းနားလမ်း ဗိုလ်ချုပ်ကြေးရုပ်၊ လဝကရုံးလမ်းဆုံ နေရာတွေမှာ mask ကန်ပိန်းပြုလုပ်ခဲ့တာပါ။
mask တပ်ဆင်သွားလာရေး အသိပညာပေးတာ၊ mask တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်ခဲ့ပြီး မေလ ၂၂ ရက်နေ့စပြီး နေအိမ်တွင်းမှ အပြင်သွားလို့ mask မတပ်ဆင်ပါက ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၅ နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အောင်ဆန်းမြင့်










