DVB Logo
Home
မြန်မာသတင်း
Mask ချုပ်ပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆုရှင် ၃ ဦးကို ကြေညာ
DVB
·
May 20, 2020
Mask ချုပ်ပြိုင်ပွဲတွင် ပြည်သူအနှစ်သက်ဆုံးဆုရှင် ၃ ဦးကို ကြေညာ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပတဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ ပြည်သူအနှစ်သက်ဆုံးဆုအဖြစ် Like အများဆုံးဆု ရရှိသူ ၃ ဦးကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပထမဆုကိုတော့ အထူးကုဆရာဝန်ကြီး Eric Yang၊ ဒုတိယဆုကို နာမည်ကြီး ဒီဇိုင်နာတယောက်ဖြစ်တဲ့ မျိုးမင်းစိုးနဲ့ တတိယဆုကိုတော့ Wai Wai အကောင့်တို့က  ဆွတ်ခူးရရှိသွားကြတာပါ။

ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က စတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်း နှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက် များလည်း ရပါတယ်) ကိုယ်တိုင်ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။

ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်း ပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိမှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှု အကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေထဲက like အများဆုံး။)နဲ့  ပြိုင်ပွဲဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆု ဆိုပြီး ဆု ၁၂ ဆု ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူအနှစ်သက်ဆုံး ဆု ၃ ဆု ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ကျန်တဲ့ဆုတွေကိုလည်း နောက်နေ့တွေမှာ ထပ်မံကြေညာသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“Mask ပြိုင်ပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေ သုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013