DVB Logo
Home
မြန်မာသတင်း
သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကို အင်းစိန်တရားရုံးတွင် ရုံးထုတ်
DVB
·
May 20, 2020
သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကို အင်းစိန်တရားရုံးတွင် ရုံးထုတ်
Donate to DVB

စောဒေးဗစ်လားတို့နဲ့ တချိန်တည်း အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်ခံထားရတဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီ ၂ ယောက်ထဲက သင်းအုပ်ဆရာ ဦးစောကွယ်ဝါးဟာ Quarantine ရက်ပြည့်ပြီးနောက် မနေ့ညက သူနေထိုင်ရာ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက်က ကျမ်းစာသင်ကျောင်းလမ်းကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ပြီး ဒီနေ့မနက် အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးတင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ တရားဟောဆရာဒေးဗစ်လားကို ဒီကနေ့မနက် မရမ်းကုန်း မြို့နယ်တရားရုံးမှာ ပထမဆုံး ရုံးထုတ်ခဲ့ချိန်မှာဘဲ Quarantine ရက်ပြည့်တဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးကိုလည်း ဒီနေ့မှာဘဲ အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။

“မနေ့ကဖမ်းပြီး ဒီနေ့ရုံးထုတ်တာ၊ ဒီနေ့ ချုပ်မိန့် ရမန်ယူတယ်။ သူ့အတွက် မနစ်နာအောင် မနေ့ကဖမ်းတဲ့ရက်ကိုချုပ်ရက်ပေးရတယ်။”လို့ အင်းစိန်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးတင်လတ်က ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ မရမ်းကုန်းမြို့မရဲစခန်းက အမှုဖွင့်ထားရာမှာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရတ်တေးသံသွင်း)တို့ အပြင် အင်းစိန်မြို့မရဲစခန်းကလည်း သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ ဦးစောရေဂန်ဒီတို့ကို အမှုဖွင့်ထားတာပါ။ 

Quarantine ရက်ပြည့်တဲ့ စောဒေးဗစ်လားနဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးတို့ကို ဒီနေ့မှာတော့ မရမ်းကုန်းနဲ့အင်းစိန်တရားရုံးအသီးသီးမှာ အင်းစိန်အကျဉ်းထောင်မှာ ချုပ်ထားဖို့ ချုပ်မိန့် ၁၅ ရက်စီ တောင်းခဲ့ပါတယ်။

ကျန်တဲ့ ဦးဝေထွန်းနဲ့ ဦးစောရေဂန်ဒီတို့ကိုလည်း Quarantine ရက်ပြည့်ရင် ရုံးထုတ်စစ်ဆေးသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013