DVB Logo
Home
မြန်မာသတင်း
အလုပ်သမားစေလွှတ်မှု မြန်မာအစိုးရက ပြန်လည်စိစစ်မည်
DVB
·
April 30, 2013
အလုပ်သမားစေလွှတ်မှု မြန်မာအစိုးရက ပြန်လည်စိစစ်မည်
Donate to DVB

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက အလုပ်သမားတွေ တရားဝင်စေလွှတ်နေမှုမှာ အလုပ်သမားတွေအပေါ် အကျိုးဆောင်ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ အကာအကွယ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ပြန်ပြီးစိစစ်မယ်လို့ ပြည်ထောင်စုအစိုးရ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အကျိုးဆောင်ကုမ္ပဏီပေါင်း ၁၂ ခုအနေနဲ့ နှစ်နိုင်ငံသဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဟုတ်မဟုတ် စိစစ်တင်ပြဖို့နဲ့ စိစစ်ဆောင်ရွက်နေတဲ့ ကာလမှာ အလုပ်ခေါ်စာတွေ ဆိုင်းငံ့ထားမယ်လို့ ဧပြီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

[caption id="attachment_32718" align="alignright" width="300" caption="ထိုင်းနိုင်ငံ စခံလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ)"][/caption]

အလုပ်သမားတွေ စေလွှတ်ဖို့ ထိုင်းနိုင်ငံဘက်က အလုပ်သမားလိုအပ်တဲ့ကုမ္ပဏီ၊ သက်ဆိုင်ရာ သံရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုရှိတဲ့အတွက် မြ၀တီမြို့မှာ စောင့်နေရတဲ့ အလုပ်သမားတချို့က သည်းမခံနိုင်ဘဲ နေပြည်တော် အလုပ်သမားရုံးကို တိုင်တန်းကြတဲ့အတွက် အခုလို ဆောင်ရွက်တာလို့ ရန်ကုန်အခြေစိုက်  ခေတ်သစ်စံကုမ္ပဏီလိမိတက်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။

“မြ၀တီမှာကြာတော့ အလုပ်သမားတွေက နေပြည်တော်ဖုန်းတွေကို လှမ်းဆက်ပြီး ကျနော်တို့ ဘယ်နှလကြာနေပြီဆိုပြီး ၁ ရက်ကို ၄-၅-၆ ကြိမ်ဆက်မှာပေါ့။ အဲတော့ အလုပ်သမားဝန်ကြီးဌာနကနေ ကျနော်တို့ဆီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါဆိုပြီး မေးလ်ပို့ပြောတာ ရှိတယ်။ ထိုင်းနိုင်ငံသူဌေးကနေ လူအယောက် ၅၀၊ ၁၀၀ ခေါ်မယ်ပေါ့၊ အလုပ်ခေါ်စာကျလာပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ တုံးထုရတယ်။ အဲဒါထုပြီးရင် အလုပ်သမားပို့ဖို့၊ စုဆောင်းဖို့ကိစ္စတွေ စလုပ်ရတယ်။ အဲဒါပြီးရင် နေပြည်တော် ဆက်တင်ရတယ်။ နေပြည်တော်ကကျလာပြီးမှ မြ၀တီမှာ အလုပ်သမားဝန်ကြီးဌာနရယ်၊ အက်စ်ဘီကလူတွေရယ်၊ ပြည်ထဲရေးက လူတွေရယ် သူတို့ရှေ့မှာပဲ စာချုပ်ချုပ်ပြီး တရားဝင်လုပ်ရတာ။”

လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံထဲ တရားဝင်အလုပ် ၀င်လုပ်ဖို့ မြ၀တီမှာ ရောက်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိပြီး တချို့က ၂ လ ကျော်၊ ၃ လအထိ ရှိပေမယ့် ခုထိ မ၀င်ရသေးကြောင်း၊ မစောင့်နိုင်တဲ့သူတချို့က စရိတ်အရှုံးခံ အိမ်ပြန်သွားကြပြီး  တချို့က အသိမိတ်ဆွေ အဆက်အသွယ်နဲ့ တရားမ၀င် ၀င်သွားကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့  ဒါရိုက်တာ ဦးကျော်သောင်းကတော့ အလုပ်သမားတွေဟာ  ထိုင်းနိုင်ငံထဲကို အမ်အိုယူနဲ့  ၀င်လာပေမယ့်လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ ၂ နိုင်ငံ တာဝန်ရှိသူတွေရော၊ ကုမ္ပဏီတွေကပါ  ဒီပြဿနာတွေ ဖြေရှင်းပေးရာမှာ အားနည်းနေကြောင်း၊ အစိုးရက ခုလို စာထုတ်ပြန်ပြီး စစ်ဆေးဆောင်ရွက်ပေးမှာကို ကြိုဆိုပေမယ့် ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိဖို့ လိုကြောင်း  ပြောပါတယ်။

“မြန်မာအစိုးရက ပြန်လည် စိစစ်မယ်ဆိုတာကို မူအားဖြင့် ကြိုဆိုပါတယ်။ ကျနော် သတိထားမိသလောက် ၂ နှစ်ကာလအတွင်း အမ်အိုယူနဲ့လာတဲ့ အလုပ်သမား ၁ သိန်းထက်မနည်း ထိုင်းနိုင်ငံထဲမှာ ရှိနေပြီ။ အေဂျင်စီတွေကို မြန်မာအစိုးရက ဘယ်လိုပုံစံနဲ့စိစစ်မလဲဆိုတာ စိတ်ဝင်စားတယ်။ သို့သော် အမ်အိုယူ တင်သွင်းခွင့်၊ သူတို့ ပိုက်ဆံယူပြီး ခွင့်ပြုထားတဲ့ ကုမ္ပဏီနဲ့ မြန်မာအလုပ်သမား အစိုးရအရာရှိတွေနဲ့ ပေါင်းပြီး စစ်ဆေးမယ်ဆိုရင်တော့ နှစ်ပေါက်တပေါက် ရိုက်ထားတာပဲဖြစ်လိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိပါစေ။”

အမ်အိုယူပြဿနာမှာ အလုပ်ရှင်ဘက်က လိုလားတဲ့ အလုပ်သမားအရေအတွက် ထက်ပိုပြီး ကုမ္ပဏီက စေလွှတ်လို့ ထိုင်းနိုင်ငံရောက်တဲ့အခါ အလုပ်သမားတွေ ဒုက္ခရောက်ရတာ၊ အလုပ်အကိုင်၊ လုပ်အားခနဲ့ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားလက်မှတ်လုပ်ဆောင်တာတွေမှာ နဂိုက စာချုပ်ထားတဲ့အတိုင်း  ဖြစ်မလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမားတင်သွင်းတာ  ၂၀၀၉  ခုနှစ်က စတင်ခဲ့တာပါ။
လက်ရှိ  အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီတွေကတော့ ရဲဝင့်နဂါး၊ ဆွေဆွေစံ၊ ရွှေလမ်းဖွင့်၊ ခေတ်သစ်စံ၊ ဟိန်းမြင့်မြတ်၊ ဒါနာ၊ ပြည်သူ့ရွေးချယ်မှု၊ တော်ဝင်ရွှေတံခါး၊ ယွန်းနဒီဦး၊ မြန်မာအိတ်စ်ပရက်စ်လင့်ခ်၊ ဟော်နန်းနဲ့ မေ၀င့် စတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013