DVB Logo
Home
မြန်မာသတင်း
ပန့်ခ်စတား ကျားပေါက်နှင့် ပင်ကီထွဋ်အောင်သီဆိုသည့် Matter of Time သီချင်း(ရုပ်သံ)
DVB
·
May 20, 2020
ပန့်ခ်စတား ကျားပေါက်နှင့် ပင်ကီထွဋ်အောင်သီဆိုသည့် Matter of Time သီချင်း(ရုပ်သံ)
Donate to DVB

       “This is supposed to be… a song about how I kill myself… Emotions became motionless… Everything’s going backwards… You say it’s the matter of time… but time ifself’s a fucking matter”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာပါ။

Matter of Time လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လူငယ်ပရိသတ်အချစ်တော် တေးသံရှင် ကျားပေါက်နဲ့အတူ အဆိုတော် ပင်ကီထွဋ်အောင်က Featuring အနေနဲ့ သီဆိုပေးထားခဲ့တာပါ။

       “သေသွားပြီးလည်း ပြုံးပြခဲ့ရ… ဒါကို တယောက်ယောက်က ရိပ်မိခဲ့ရင်… တ ယောက်ယောက်က ရိပ်မိခဲ့ရင်… တယောက်ယောက်က ရိပ်မိခဲ့ရင်… စိတ်ကို မထိန်းနဲ့ ငို သာချလိုက်… စိတ်ကို မထိန်းနဲ့ ငို… သာ… ချ”  

       ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်း တွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

       ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာ တွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။

       လက်ရှိမှာတော့ COVID-19 ကပ်ကာလအတွင်း ပင်ကီထွဋ်အောင်ရဲ့ တယောတီး ခတ်မှုနဲ့ ထူးထူးခြားခြားထွက်ရှိလာတဲ့ ဒီသီချင်းကလည်း ကြားနေကျမဟုတ်တဲ့ ပုံစံတ မျိုးနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “You say it’s the matter of time… but time ifself’s a fucking matter… သေသွားပြီးလည်း ပြုံးပြခဲ့ရ… ဒါကို တယောက်ယောက်က ရိပ်မိခဲ့ရင်… တယောက် ယောက်က ရိပ်မိခဲ့ရင်… တယောက်ယောက်က ရိပ်မိခဲ့ရင်… တယောက်ယောက်က ရိပ် မိခဲ့ရင်… တယောက်ယောက်က ရိပ်မိခဲ့ရင်… စိတ်ကိုမထိန်းနဲ့ ငိုသာချလိုက်… စိတ်ကို မ ထိန်းနဲ့… ငို… သာ… ချ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013