
မွန်ပြည်နယ်အတွင်း ပြည်ပနိုင်ငံတွေကနေ နေရပ်ပြန်လာသူတွေအတွက် အခြေခံပညာ စာသင်ကျောင်းတွေမှာ ပြင်ဆင်ထားတဲ့ Quarantine စခန်းတွေကို တက္ကသိုလ်နဲ့ ပညာရေး ကောလိပ်တွေဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ထိုင်းနိုင်ငံက ပြန်လာမယ့် နေရပ်ပြန် လူပေါင်း ၁၀၀၀၀ စာ အတွက် Quarantine စခန်းပေါင်း နေရာ ၄၀ ကျော်ကို ပြင်ဆင်ထားတဲ့အထဲမှာ ၂၆ နေရာကို အခြေခံပညာ စာသင်ကျောင်းတွေမှာ ပြင်ဆင်ထားတာပါ။
အခုအခါမှာတော့ Quarantine စခန်းလုပ်ထားတဲ့ စာသင်ကျောင်းတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်အပ်နှံဖို့ ပညာရေးဝန်ကြီးဌာနက အကြောင်းကြားထားပါတယ်။
ဒါကြောင့် စာသင်ကျောင်းတွေမှာ ပြင်ဆင်ထားတဲ့ Quarantine Camp တွေကို တက္ကသိုလ်နဲ့ ပညာရေးကောလိပ်တွေကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အဲလို ပြောင်းရွှေ့ လုပ်ဆောင်ရာမှာ နေရပ်ပြန်လူဦးရေ များလာလို့ နေရာမလုံလောက်ပါက ဝန်ကြီးဌာနပိုင် အဆောက်အအုံတွေမှာလည်း ထားရှိသွားဖို့ စီစဉ်ထားပါတယ်။










