DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် COVID-19  ရောဂါပိုးကင်းစင် နေပြန်ကောင်းလာသူ ၁၀၄  ဦးရှိပြီ 
DVB
·
May 20, 2020
မြန်မာနိုင်ငံတွင် COVID-19  ရောဂါပိုးကင်းစင် နေပြန်ကောင်းလာသူ ၁၀၄  ဦးရှိပြီ 
Donate to DVB

မြန်မာနိုင်ငံတဝန်းရှိ  COVID-19   ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအထဲက ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း  ၁၀၄  ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၃၇၅) ခုကို မနေ့ ညပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာတော့  COVID-19 လူနာသစ် မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာတော့ ယူအေအီးနိုင်ငံက ပြန်လာတဲ့ အမျိုးသမီး ၂ ဦးမှာ COVID-19 ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ လူနာသစ် ၂ ဦးကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ  အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၂၀ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း  ၁၉၃  ဦးရှိပြီး သေဆုံးသူကတော့  ၆  ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013