
မေ ၁၉ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၁၀.၂ ကျပ်၊ ၁ ယူရိုငွေကို ၁၅၄၄.၆ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၅.၈၀ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၃၁၁.၉ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၈.၄၆ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၄.၅၆ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၄.၁၉ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၂၂၁၅၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၂၁၈၅၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၇၃၆ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











