
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုရီးယား ကုမ္ပဏီ ၃ ခုက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲလောက် တန်ဖိုးရှိတဲ့ အထောက်အကူပြု ပစ္စည်းတွေကို မေလ ၁၉ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီအထောက်အကူပြုပစ္စည်းတွေကိုတော့ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၅၀၀,၀၀၀ ဖိုးရှိ Covid Test Kit တွေနဲ့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ရုံးက ဒေါ်လာ ၅၀,၀၀၀ ဖိုးရှိ RNA Extaction Kits တွေကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် Hyundai Engineering and construction ကုမ္ပဏီကလည်း VTM 15000 Kits ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှာ လှူဒါန်းခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လက်ခံရယူခဲ့ပါတယ်။










