DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်ရှိ  သံသယလူနာနှင့် စောင့်ကြည့်လူနာ၂၁ ဦးတွင်  COVID-19  ရောဂါပိုးမတွေ့
DVB
·
May 19, 2020
ကျောက်ဖြူမြို့နယ်ရှိ  သံသယလူနာနှင့် စောင့်ကြည့်လူနာ၂၁ ဦးတွင်  COVID-19  ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မလေးရှားနိုင်ငံက ပြန်လာတဲ့ သံသယလူနာ တစ်ဦး အပါအဝင် ကန့်သတ် စောင့်ကြည့်ခံထားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို မေလ ၁၆ ရက်နေ့က ပို့ဆောင်စစ်ဆေးရာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦး က “သံသယလူနာ  တစ်ယောက်နဲ့ သွားလာကန့်သတ် စောင့်ကြည့်သူတွေအပါအဝင် ၂၁ ယောက်ကို စစ်ဆေးခဲ့တာပါ။ အဲဒါ အကုန်လုံးက Negative ထွက်ပါတယ်။ မလေးရှားက ပြန်လာတဲ့ Case 182 နဲ့contact ရှိသူတွေအထဲက ဟိုတနေ့ကပို့တဲ့အထဲမှာတော့ Case မထွက်မီ ကိုယ့်ဟာကိုယ်နမူနာယူပြီး ပို့လိုက်တာ တစ်ယောက်ရှိတယ်၊ သူကတော့  Negative ပါ” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှပြန်လာတဲ့ ပိုးတွေ့လူနာ ၁၈၂ နဲ့ လေယာဉ်အတူစီးလာသူ ကျောက်ဖြူ မြို့နယ်မှ ၄ ဦးလောက်ရှိပြီး  နောက်ထပ် ၃ ဦးနဲ့ သွားလာကန့်သတ်စောင့်ကြည့်သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း မနက်ဖြန်ပို့ဆောင်စစ်ဆေးမယ်လို့ သိရပါတယ်။

“Case 182 နဲ့ လေယာဉ်အတူ စီးလာသူ အကုန်လုံး ၄ ယောက်ရှိပါတယ်။ အဲဒါတယောက်ကို စစ်ဆေးပြီးပြီဆိုတော့ နောက်ထပ် ၃ ယောက်ရဲ့ နမူနာတွေကို မနက်ဖြန်ယူမှာပါ။ ကျန်တဲ့ Case တွေရော ထပ်ပေါင်းပြီးတော့ ၁၂ ယောက်ရဲ့ နမူနာတွေကို မနက်ဖြန်ထပ်ပို့ ပြီးတော့ စစ်ဆေးပေးသွားမှာပါ” လို့  ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦး ကပြောပါတယ်။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ COVID-19 နဲ့ပတ်သက်ပြီး နိုင်ငံခြားပြန်တွေ၊ ပိုးတွေ့နေရာဒေသမှ ပြန်လာတဲ့သူတွေနဲ့ သွားလာကန့်သတ်စောင့်ကြည်သူတွေထဲမှ စုစုပေါင်းလူ ၅၈ ဦးရဲ့ နမူနာတွေကို ပို့ဆောင် စစ်ဆေးခဲ့ရာမှာတော့ အကုန်လုံး (Negative)ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်  သံတွဲမြို့နယ်မှာ မလေးရှားကပြန်လာသူ  ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်မှာ မလေးရှားကပြန်လာသူ  ၁ ဦး လတ်တလော COVID-19 ရောဂါကူးစက်ခံထားရပါတယ်။ 

သတင်း- နောင်နောင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013