DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် တရားမဝင် ရွှေတူးဖော်သူ ၃၉ ဦးကို ဖမ်းဆီး
DVB
·
May 19, 2020
မိုးညှင်းမြို့နယ်တွင် တရားမဝင် ရွှေတူးဖော်သူ ၃၉ ဦးကို ဖမ်းဆီး
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ လယ်မှီးကျေးရွာအုပ်စု၊ ကန်ကုန်းကြီးကျေးရွာ အနောက်ဘက် ခိုးကောင်ချောင်းရှိ ရွှေတူးဖော်ရာနေရာမှာ မေလ ၁၆ ရက်က တရားမဝင် ရွှေတူးဖော်သူ ၃၉ ဦး ဖမ်းဆီးခံရတယ်လို့   အဖမ်းခံရတဲ့ မိသားစုတွေထံက  သိရပါတယ်။

မေလ ၁၆ ရက်မွန်းလွဲပိုင်းမှာ သတင်းပေးချက်အရ မိုးညှင်း အမှတ် ၃၆၇ အမြောက်တပ်နဲ့ နန်းမားနယ်မြေရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ဖမ်းဆီးရာ ကျင်းထောင် ၂ ဦးအပါအဝင် နေ့စားလုပ်သား ၃၉ ဦးကို ဖမ်းဆီးပြီး နန်းမားနယ်မြေရဲစခန်းကို အမှုလွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဖမ်းဆီးခံရသူတွေအထဲမှာ  အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၉ ဦး ပါဝင်ပြီး၊ အမျိုးသမီးတွေအထဲမှာ သားလျှောထားသူ ၁ ဦး၊  အစာအိမ်ရောဂါရှိသူ  ၁ ဦးနဲ့ နို့စို့ ကလေးငယ်ရှိ မိခင် ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အသက်မပြည့်သေးတဲ့  ကျောင်းသား ၄ ဦးလည်းပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရသူ အများစုမှာ နေ့စား လုပ်သားတွေဖြစ်ပြီး အမျိုးသားက  လုပ်အားခ တစ်နေ့ ကျပ် ၆၀၀၀ ၊ အမျိုးသမီးက တစ်နေ့ လုပ်အားခ ကျပ် ၄၀၀၀  ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားတစ်ဦးရဲ့  ဇနီး မမေဇင်ဦးက “အခု ယောက်ျားနောက် လိုက်နေရတယ်။ မနက်ပြန်  ညပြန် ထမင်းပို့နေရတယ်။ ရဲတွေလည်း ခြိမ်းခြောက်တယ်။ မင်းတို့ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လို့ရတာမဟုတ်ဘူး၊ ဆိုလား ဘာဆိုလား။ ကျမယောက်ျား ဆေးသောက်နေရတယ်။ ဒါလေးတိုက်ချင်လို့ပါဆိုလည်း မရဘူး”လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် ၃၆၇ အမြာက်တပ်က တပ်ခွဲမှူး  ဗိုလ်မှူး လှိုင်မြတ်ဌေး က တရားလိုပြုလုပ်ကာ ဦးထွန်းထွန်းဝင်းအပါ ၂၄ ဦးကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲထားသလို  ဦးမြင့်ကြူ အပါအဝင် ၁၅ ဦးကိုလည်း မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) အရ အရေးယူထားပါတယ်။

 

ခင်သန်းညွန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013