DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်း မြို့နယ်များတွင် Mask တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်
DVB
·
May 19, 2020
မန္တလေးတိုင်းအတွင်း မြို့နယ်များတွင် Mask တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်
1 / 7
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းက  မြို့နယ် ၂၁ မြို့နယ်မှာ  Mask တပ်ဆင်ရေး လှုပ်ရှားမှု တွေပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ကနေ သိရပါတယ်။

မန္တလေးတိုင်းမှာ ၂၈ မြို့နယ်ရှိတဲ့အနက် လှူဒါန်းမှုပေါများတဲ့ မန္တလေးမြို့ပေါ် ၇ မြို့နယ်ကို လုပ်ဆောင်မပေးသေးဘဲ အလှူရှင်နည်းတဲ့ နယ်မြို့နယ်တွေကို လိုက်လံလှူဒါန်းနေတာလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုက" မန္တလေးမြို့ပေါ် ဖြစ်တဲ့အတွက် ဦးတို့ နည်းနည်းလေး နောက်ကို ချန်ထားလိုက်တာပေါ့။ ဒါလည်းပဲ လိုအပ်မယ်ဆိုလို့ရှိရင် မန္တလေးမြို့ပေါ်အတွက်လည်း ရှေ့ဆက်ပြီးတော့ ဒီခုနစ်မြို့နယ်လုံးကို ဆက်လုပ်ပေးသွားဖို့ရှိတယ်။ သို့သော်လည်းပဲ လိုအပ်မယ် မလိုအပ်ဖူးဆိုတာကိုကျတော့ လက်ရှိ ပကတိ မြေပြင်အခြေအနေပေါ့၊ မြေပြင်အခြေအနေတွေကို လိုက်ပြီးတော့ လေ့လာပြီးတော့ တကယ်လိုအပ်တယ်ဆိုလို့ရှိရင်တော့ လုပ်ပေးသွားဖို့ရှိပါတယ်" လို့ ပြောပါတယ်။

အခုလို လှူဒါန်းမှုတွေရှိတာဟာ mask နဲ့ Hand Gel ဝယ်ရခက်ခဲရှားပါးတဲ့ ကျေးလက်ဒေသတွေအတွက် အထောက်အပံ့ကောင်းဖြစ်စေတယ်လို့ မြင်သာကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာနေ ဒေါ်နန်းအိအိစံက "ပါတီကနေပြီးတော့ အခုလို တိုင်းတစ်တိုင်းလုံးစာကို လာလုပ်ပေးတဲ့အပေါ်မှာလည်း အရမ်းကို အထောက်အပံ့တွေ အများကြီး လည်း ဖြစ်တယ်ပေါ့နော်။ တချို့နယ်တွေ၊တချို့ရွာတွေဆိုလို့ရှိရင် Hand Gel ဝယ်ဖို့ရာ အခက်အခဲတွေရှိတယ်။ mask ဝယ်ဖို့ရာ အခက်အခဲတွေရှိနေတယ်ပေါ့နော်။ ဒီအခက်အခဲတွေ အများကြီးရှိနေတဲ့အချိန်မှာပေါ့နော်။ တကယ်ဖြစ်နေတဲ့အချိန်မှာ လက်တွေ့ ပါတီကနေပြီးတော့ လာပြီးတော့ အကုန်လုံးကို လှူပေးတဲ့အတွက် လက်ဆေး Hand Gel ခက်ခဲခြင်း၊ mask ခက်ခဲခြင်းတွေ အားလုံးကတော့၊ အခုကတော့ အဲ့ဒီ ခက်ခဲခြင်းတွေကို ကျော်လွှားနိုင်တယ်ပေါ့နော်။" လို့ပြောပါတယ်။

အခုလို လှူဒါန်းရာမှာ ဈေးသည်အများစုကို နှာခေါင်းစည်း(Mask) ‌တွေ လိုက်လံလှူဒါန်း ပေးတာဖြစ်ပြီး လက်သန့်ဆေးရည် (Hand Gel)နဲ့ စနစ်တကျ လက်ဆေးကြောဖို့ အသိပညာပေး တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ဧပြီ ၁၈ ရက်ကနေ စတင်လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး မေလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာ၊ တကောင်းမြို့နဲ့ မိုးကုတ်မြို့နယ်တွေမှာ လုပ်ဆောင်ပေးခဲ့ပါတယ်။

လိုအပ်လာမယ်ဆိုပါက အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်အပြင် တခြားမြို့‌နယ်တွေမှာပါ နောက်ထပ်တစ်ကြိမ် ထပ်မံလုပ်ဆောင်ပေးမယ်လို့ မန္တလေးတိုင်းဒေသကြီး၊ အလုပ်အမှုဆောင်အဖွဲ့ကနေ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013