DVB Logo
Home
မြန်မာသတင်း
ပရိသတ်တွေ Mask တပ်ကြဖို့ စိုင်းစိုင်းခမ်းလှိုင် Challenge ခေါ်(ဓာတ်ပုံ)
DVB
·
May 18, 2020
ပရိသတ်တွေ Mask တပ်ကြဖို့ စိုင်းစိုင်းခမ်းလှိုင် Challenge ခေါ်(ဓာတ်ပုံ)
1 / 7
Donate to DVB

       နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် သရုပ်ဆောင်တယောက်ဖြစ်တဲ့ စိုင်း စိုင်းခမ်းလှိုင်က လတ်တလောကာလမှာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ Mask တပ်ကြဖို့ အရေး ပရိသတ်တွေကို Challenge ခေါ်ထား ပါတယ်။

       မေလ ၁၆ ရက်နေ့မှာတော့ သူကိုယ်တိုင် နှစ်သက်တဲ့ Mask တပ်ထားတဲ့ ဓာတ်ပုံ တပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေး သားဖော်ပြထားခဲ့တာပါ။

       “Simple Mask Challenge… Put on your favourite mask… Take selfie and post it wherever u like with Hashtag… #MyMaskChallenge… I now challenge you, all my fans… Sai Sai Kham Leng”

       လတ်တလောကာလဟာ ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ကျန်းမာရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့ အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။

       ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို သတိပြုလိုက် နာကြဖို့၊ အာဟာရပြည့်ဝတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ တကိုယ်ရေ သန့်ရှင်းမှုကို ဂရု ပြုကြဖို့အပြင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ကလည်း အရေးကြီးပြီး တကယ်လို့ မဖြစ်မနေ သွားလာကြရတဲ့အခါ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့ ရောဂါပိုးဝင်ရောက်နိုင်မယ့် အဓိက နေရာတွေကို ဖုံးအုပ်ကာကွယ်နိုင်ဖို့ Mask တပ် ဆင်အသုံးပြုဖို့ကလည်း အရေးပါပါတယ်။

       နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း Mask ကို အထူးဂရုပြုတပ်ဆင်ကြ ဖို့၊ လက်ကိုဆေးဖို့စတဲ့ အခြေခံကျတဲ့ ကျန်းမာရေးအသိပညာပေးမှုတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နေပြီး သိပ်မကြာခင်ကလည်း ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲတခုကို ကျင်းပခဲ့ပါသေးတယ်။

       ဒီလိုအခြေအနေမှာ လူထုပရိသတ်တွေကို အနုပညာရှင်တွေကလည်း တပ်အားတဲ့ တဖက်တလမ်းက ကူညီပေးနေကြသူတွေထဲ စိုင်းစိုင်းခမ်းလှိုင်ကလည်း တယောက်အပါ အဝင်ပဲ ဖြစ်ပါတယ်။

       ကျန်းမာရေးအသိပညာပေး ရုပ်သံတွေမှာ ပါဝင်လှုပ်ရှားနေသလို၊ သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲမှ ရရှိတဲ့ ရန်ပုံငွေတွေနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူ ဒါန်းမှုတွေလည်း လုပ်ဆောင်နေသူပါ။

       ခုတခါ ပရိသတ်တွေကို Challenge ခေါ်တဲ့ လှုပ်ရှားမှုပို့စ်အောက်မှာတော့ သူ့ရဲ့ ပရိသတ်တွေ အများအပြား ပါဝင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

       ကမ္ဘာတလွှား COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၄,၈၀၅,၂၁၀ ယောက် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၁၆,၇၃၂ ယောက်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ပိုးကူးစက်ခံရသူ ၁၈၇ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013