DVB Logo
Home
မြန်မာသတင်း
ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ပြရေးအဖွဲ့က တရားမဝင်သယ်လာသည့်  နွားကားများ လားရှိုးတွင် ဖမ်းဆီးခံရ
DVB
·
May 18, 2020
ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ပြရေးအဖွဲ့က တရားမဝင်သယ်လာသည့်  နွားကားများ လားရှိုးတွင် ဖမ်းဆီးခံရ
1 / 3
Donate to DVB

ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ပြရေးအဖွဲ့က ဒေါ်ဖြိုးရတနာကျော် ဦးဆောင်တဲ့အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးကနေ တရုတ်နိုင်ငံနယ်စပ်မူဆယ်မြို့သို့ နွားကား ၁၀ စီး၊ နွားကောင်ရေ ၂၂၀ ကို ပြည်ထောင်စုလမ်းမကြီးအတိုင်း တရားမဝင်သယ်ဆောင်လာတဲ့အတွက် လားရှိုးမြို့မှာရှိတဲ့ဌာနဆိုင်ရာအဖွဲ့စုံက မေလ ၁၈ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ဆေးဖမ်းဆီး လိုက်ပါတယ်။

"အခုဖမ်းထားတဲ့နွားကားတွေမှာ နိုင်ငံတော်ကိုတရားဝင်အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်း နဲ့ တိမွေးကုက ထောက်ခံစာလည်းမပါဘူးလို့ အကြမ်းအားဖြင့်သိရပါတယ်"လို့ ဖမ်းဆီးစဉ် လိုက်ပါခဲ့တဲ့ ရာအိမ်မှူးတစ်ဦးကပြောပါတယ်။

နွားကားတွေကို ဦးဆောင်သယ်ယူလာတဲ့ ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ပြရေးအဖွဲ့က ဒေါ်ဖြိုးရတနာကျော်နဲ့ လူတစ်စုဟာ ကားတစ်စီးနဲ့ တိမ်းရှောင်နေပြီး သူတို့အဖွဲ့မှာ ပစ္စတိုသေနတ်တစ်လက်ပါလာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖမ်းဆီးထားတဲ့နွားကား ၁၀ စီးနဲ့ နွားကောင်ရေ ၂၂၀ ကို လားရှိုးရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး တိမ်းရှောင်နေသူတွေကို လိုက်လံဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပြည်သူ့မဏ္ဍိုင်-နေပြည်တော်ဟစ်တိုင် သတင်းစုံစမ်းဖော်ပြရေးအဖွဲ့က တရားမဝင်သယ်လာသည့်  နွားကားများ လားရှိုးတွင် ဖမ်းဆီးခံရ