DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်အမတ်များ Mask တပ်ပြီး လွှတ်တော်တက် 
DVB
·
May 18, 2020
လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်အမတ်များ Mask တပ်ပြီး လွှတ်တော်တက် 
1 / 4
Donate to DVB

ရပ်နားထားခဲ့တဲ့ ဒုတိယအကြိမ် (၁၆) ကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့  မေလ  ၁၈ ရက် မနက်က ပြန်လည်  စတင်ကျင်းပနေပါတယ်။

ဒီတကြိမ်ပြန်လည်စတင်တဲ့လွှတ်တော်အစည်းအဝေးမှာ COVID-19 ရောဂါကာကွယ်တဲ့ အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး  Mask တပ်ပြီး လွှတ်တော်တက်ခဲ့ကြသလို ကိုယ်စားလှယ်တွေထိုင်တဲ့ ထိုင်ခုံနေရာတွေကိုလည်း ခပ်ခွာခွာချဲပေးထားတာ တွေ့ရပါတယ်။ 

ဒီနေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို တော့ အစီအစဉ် (၁၃) ခုနဲ့ ကျင်းပနေတာဖြစ်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ကတိသစ္စာပြုခဲ့ကြပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက “ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း” ကို တင်သွင်းဖို့ရှိသလို ဒီ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းဖို့ရှိပါတယ်။

ဒါ့အပြင် “အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီးလည်း   လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဖို့ရှိပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ လွှတ်တော်မစတင်ခင်ကတည်းက COVID-19 ရောဂါ ရှိမရှိ ကြိုတင် ဆေးစစ်မှုခံယူခဲ့ရပြီး ကိုယ်စားလှယ်တွေအနေနဲ့ မိမိနေထိုင်ရာနေရာနဲ့ လွှတ်တော်ကလွဲပြီး တခြားသွားလာခြင်းမလုပ်ဖို့ကိုလည်း စည်းကမ်း တင်းကြပ် ထုတ်ပြန်ထားပါတယ်။ 

လွှတ်တော်အမတ်တွေကို COVID-19 ရောဂါ ရှိမရှိ ဆေးစစ်ရာမှာတော့ ပိုးတွေ့သူမရှိဘူးလို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာကတည်းက Mask တွေတပ်ဆင်ပြီး လွှတ်တော် တက်ခဲ့ကြပါတယ်။ 

ဒီတကြိမ် ပြန်စတင်တဲ့ ဒုတိယအကြိမ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေကိုတော့ သီတင်း နှစ်ပတ်ကြာ ကျင်းပသွားဖို့ရှိပြီး COVID-19 အတွက် ချေးငွေရယူရေး ကိစ္စ၊ ၂၀၁၉-၂၀ ဘတ်ဂျက် ကိစ္စ တို့ကို အဓိကထားဆောင်ရွက်သွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013