DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသန္တရအမိန့်ထုတ်ပြန်
DVB
·
May 18, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသန္တရအမိန့်ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပန်းဖြေနေရာတွေနဲ့ ကာရာအိုကေဆိုင်တွေ ဆက်လက်ပိတ်ထားဖို့အပါအဝင် ဒေသန္တရ အမိန့်ကို  မတ်လ ၁၇ ရက်ရက်က ထုတ်ပြန်ပါတယ်။

အဲဒီအမိန့်စာမှာ တိုင်းဒေသကြီးအတွင်း အပန်းဖြေနေရာတွေ၊ ကာရာအိုကေဆိုင်တွေ၊ လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် ပျော်ပွဲရွှင်ပွဲ၊ ဟောပြောပွဲတွေ အပါအဝင် အခမ်းအနားတွေ မလုပ်ဖို့ ဆက်လက် တားမြစ်ထားပါတယ်။ 

ညဈေးတန်းတွေကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ ညွှန်ကြားချက်အမိန့်တွေနဲ့အညီ တစ်ဆိုင်နဲ့တစ်ဆိုင်  ခြောက်ပေအကွာခြားပြီး ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

စားသောက်ဆိုင်တွေမှာတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ဆိုင်တွေမှာ လက်ဆေးရေဇလုံ၊ Hand Gel တွေ အလွယ်တကူအသုံးပြုနိုင်ရေး ထားရှိဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

ပြည်သူတွေအနေနဲ့ နေအိမ် ပြင်ပသို့ထွက်ခွာတဲ့အခါ နှာခေါင်းစည်း Mask ကို မပျက်မကွက်တပ်ဆင်ကြဖို့နဲ့ တာဝန်ရှိသူမှအပ မည်သူမဆို နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီ အချိန်အထိ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေသွားလာတာကလွဲပြီး လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာလာမလုပ်ဖို့လည်း ပါရှိပါတယ်။

လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေ၊ ဆေးဝါးပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေ၊ ပုဂ္ဂိလိက ဆေးရုံ၊ ဆေးခန်းတွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနဲ့ Inn တွေ၊ အဝတ်အထည်ဆိုင်၊ စက်သုံးဆီဆိုင်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဖွင့်လှစ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအားလုံးကို စစ်ဆေးရေးအဖွဲ့ရဲ့ အတည်ပြု ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ခွင့်ရမှာဖြစ်ပါတယ်။

ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေနဲ့ ၄ ဦးထက်မပိုတဲ့ အိမ်စီးကားတွေကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြေးဆွဲခွင့်ပြုထားပါတယ်။ 

Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက လာရောက်သူတွေကို နေအိမ်မှာ တည်းခို နေထိုင်ခွင့်မပြုဘဲ သတ်မှတ်ထားတဲ့ Community Based Facility Quarantine မှာ  ၂၁  ရက် နေထိုင်စေရမှာဖြစ်ပါတယ်။

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေနဲ့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လည်ရောက်ရှိလာသူတွေဟာ  သက်ဆိုင်ရာသို့ သတင်းပို့ရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို လုံးဝထိန်းချုပ်နိုင်ပြီလို့ သတ်မှတ် မရနိုင်သေးလို့ ပြည်သူတွေအနေနဲ့ ဖြေလျှော့မှုအပေါ် ပေါ့ဆမှုမရှိဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID 19  ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ သတိပေးညွှန်ကြားချက်တွေကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ တိကျစွာ လိုက်နာဆောင်ရွက်ဖို့  ထုတ်ပြန်လိုက်တာပါ။

အဆိုပါ ဒေသန္တရအမိန့်ဟာ မေလ ၁၈ ရက် မနက် ၅ နာရီကနေ  မေလ  ၃၁  ရက် ည ၁၂  နာရီအထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013